အသက်ငယ်ငယ်လေးနဲ့အောင်မြင်နေတဲ့ မော်ဒယ် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှိန်းတင်ထူးဟာဆိုရင် မိန်းကလေးပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့အပြုံးနဲ့ယောကျာ်းပီသတဲ့ အပြင်အဆင်တွေဟာ တကယ်ကိုရင်ခုန်ချင်စရာပါပဲ။ မြင့်မားတဲ့အရပ်ဟာလည်း အမျိုးသမီးတွေရဲ့အချစ်တွေကို ပိုပြီးသိမ်းပိုက်နိုင်ခဲ့တဲ့ အကြောင်းတစ်ခုပါပဲ။
သူ့ရဲ့ Tik Tok ဗီဒီယိုတွေဟာလည်း အမြဲလိုလိုအားပေးသူပရိသတ်တွေရဲ့စည်ကားခဲ့ပြီး ရယ်လိုက်တိုင်းချစ်စရာကောင်းတဲ့ရှိန်းဟာ သူ့ရဲ့ ပရိသတ်တွေကိုလည်း တမြတ်တနိုးနဲ့ တန်ဖိုးထားတတ်ပါေးတယ်။ ” သူစိမ်းအိမ် ” ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ဝင် ခန်းနည်းနည်းမှာသာ ပါဝင်ခဲ့ရပေမယ့် ကိုယ့်ဇာတ်ရုပ်အပေါ်မှာ အကောင်းဆုံးသရုပ်ဖော်နိုင်ခဲ့ပါတယ်။
ဒီနေ့မှာလည်း လူငယ်ဆန်ဆန်ပုံစံလေးနဲ့ အမိုက်စားရိုက်ကူးထားတဲ့ ပုံရိပ်တစ်ချို့ကို သူ့ရဲ့ လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ ရင်ခုန်ချင်စရာ ပုံလေးတွေမို့ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားဘဲ အပြည့်အဝဆွဲဆောင်နိုင်ခဲ့ပါတယ်။ ပြုံးလိုက်တိုင်းချစ်စရာကောင်းတဲ့ အပြုံးမင်းသားလေးရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
Happy – Cele Zone
Photo – Haw
(ဇော်ဂျီဖြင့်ဖတ်ရန်)
အမျိုးသမီးထုကြီးတစ်ရပ်လုံးရဲ့ နှလုံးသားတွေကို ပိုင်ပိုင်နိုင်နိုင်သိမ်းပိုက်ထားတဲ့ ရှိန်းတင်ထူးရဲ့ အပြုံးပုံရိပ်တွေ
အသက်ငယ်ငယ်လေးနဲ့အောင်မြင်နေတဲ့ မော်ဒယ် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှိန်းတင်ထူးဟာဆိုရင် မိန်းကလေးပရိသတ် တွေရဲ့တခဲနက်အားပေးမှုကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့အပြုံးနဲ့ယောကျာ်းပီသတဲ့ အပြင်အဆင်တွေဟာ တကယ်ကိုရင်ခုန်ချင်စရာပါပဲ။ မြင့်မားတဲ့အရပ်ဟာလည်း အမျိုးသမီးတွေရဲ့အချစ်တွေကို ပိုပြီးသိမ်းပိုက်နိုင်ခဲ့တဲ့ အကြောင်းတစ်ခုပါပဲ။
သူ့ရဲ့ Tik Tok ဗီဒီယိုတွေဟာလည်း အမြဲလိုလိုအားပေးသူပရိသတ်တွေရဲ့စည်ကားခဲ့ပြီး ရယ်လိုက်တိုင်းချစ်စရာကောင်းတဲ့ရှိန်း ဟာ သူ့ရဲ့ပရိသတ်တွေကိုလည်း တမြတ်တနိုးနဲ့ တန်ဖိုးထားတတ်ပါေးတယ်။ ” သူစိမ်းအိမ် ” ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ဝင်ခန်းနည်းနည်းမှာသာ ပါဝင်ခဲ့ရပေမယ့် ကိုယ့်ဇာတ်ရုပ်အပေါ်မှာ အကောင်းဆုံးသရုပ်ဖော်နိုင်ခဲ့ပါတယ်။
ဒီနေ့မှာလည်း လူငယ်ဆန်ဆန်ပုံစံလေးနဲ့ အမိုက်စားရိုက်ကူးထားတဲ့ ပုံရိပ်တစ်ချို့ကို သူ့ရဲ့ လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ ရင်ခုန်ချင်စရာ ပုံလေးတွေမို့ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားဘဲ အပြည့်အဝဆွဲဆောင်နိုင်ခဲ့ပါတယ်။ ပြုံးလိုက်တိုင်းချစ်စရာကောင်းတဲ့ အပြုံးမင်းသားလေးရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
Happy – Cele Zone
Photo – Haw