မင်းသားလေး Steven Zhang ရဲ့ ကြည့်သင့်တဲ့ တရုတ်ဒရာမာကား (၄) ကား
auntymay.com
|
2020-10-05

Steven Zhang ဆိုတာဟာ လက်ရှိ တရုတ်နိုင်ငံရဲ့ ၂၀၂၀ ခုနှစ်အတွင်း အအောင်မြင်ဆုံး မျက်နှာသစ်မင်းသားတွေထဲ ထိပ်ဆုံးက ပြေးနေတဲ့ မင်းသားလေးတစ်လက်ပဲဖြစပ်ါတယ်။ လက်တလော မြန်မာနိုင်ငံမှာလည်း သူ့ရဲ့ ဒရာမာစီးရီးတစ်ခု အရမ်းနာမည်ကြီးနေတဲ့အတွက် Steven Zhang ရဲ့ ပရိသတ်တွေရှိနေမယ်ဆိုရင် လက်မလွှတ်သင့်တဲ့ တရုတ်ဒရာမာကား (၄) ကားအကြောင်းကို ဖော်ပြပေးချင်ပါတယ်။


(၁) Go Head

ဒါကတော့ ဒီကပရိသတ်တွေအနေနဲ့ Steven Zhang ကို စသိခဲ့တဲ့ ဒရာမာလို့ဆိုရမှာပါပဲ။ သွေးမတော်သားမစပ်တဲ့ ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်တို့ကြားက ခံစားချက်တွေနဲ့ မိသားစုတွေကြားထဲက ချစ်ခြင်းမေတ္တာတရားတွေ၊ လူ့ဘဝရဲ့အခက်အခဲတွေအပြင် သူငယ်ချင်းတွေကြားထဲက သံယောဇဉ်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။


(၂) My Huckleberry Friends

Ba Yue Chang An ရဲ့ ဝတ္ထုဖြစ်တဲ့ “Hello, Old Times” ကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီကားဟာလည်း ကျောင်းနေစဉ် သူငယ်ချင်းနဲ့ မိသားစုတွေကြားက ချစ်ခြင်းမေတ္တာတွေနဲ့ ငယ်ရွယ်စဉ်ဖြစ်ပျက်တတ်တဲ့ ချစ်စရာ ချစ်ခြင်းမေတ္တာလေးတွေကို ဒရာမာဆန်ဆန်၊ ဟာသဆန်ဆန် ရိုက်ကူးထားတာပါ။ ဒီကားဟာ Steven တစ်ယောက် ခေါင်းဆောင်မင်းသားလုပ်ရတဲ့ ပထမဆုံး ကားလည်းဖြစ်ပါတယ်။ Outstanding Television Series ဆိုတဲ့ ဆုကို Hengdian Film and TV Festival မှာ ရရှိခဲ့ပါသေးတယ်။


(၃) Symphony’s Romance

Nodame Cantabile ဆိုတဲ့ ဂျပန် menga ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားခဲ့တာဖြစ်ပြီးတော့ ဒီအထဲမှာတော့ Steven ကို ဂီတပညာရှင်အြစဖ် မြင်တွေ့ရမှာပါ။ အတိတ်ကအဖြစ်ဆိုးတွေကြောင့် သူချစ်တဲ့ ဂီတကိုတောင် ဆက်မလုပ်နိုင်တဲ့အထိ ဖြစ်သွားခဲ့ပေမယ့်လည်း ဘဝထဲကို ကုသပေးနိုင်တဲ့ လူသားလေးတစ်ယောက်ရောက်လာတဲ့အချိန် Steven တစ်ယောက် ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။


(၄) Young Blood

မနှစ်တုန်းက ထုတ်လွှင့်ပြသခဲ့တဲ့ Young Blood ဟာ Steven ရဲ့ ပထမဆုံးသော ရှေးဟောင်းကားတစ်ကားဖြစ်ပါတယ်။ အမြဲတမ်းလိုလို ကျောင်းသားအဖြစ် ရိုမန့်စ်ဒရာမာတွေမှာ မြင်နေကျ Steven ကို အခုလို ရှေးခေတ်အပြင်အဆင်တွေနဲ့ အတိုက်အခိုက်ခပ်ကြမ်းကြမ်းနဲ့ အက်ရှင်ဒရာမာထဲမှာမြင်ရတဲ့အတွက် တစ်မျိုးလေး ထူးဆန်းနေပါတယ်။ ဒီကားထဲမှာတော့ Steven ကို နိုင်ငံအတွက် အကျိုးပြုချင်နေတဲ့ လူငယ်လေးတစ်ယောက်အဖြစ် တွေ့ရမှာဖြစ်ပြီးတော့ သူ့ဇာတ်ကောင်ဟာ ဉာဏ်ထက်တယ်၊ ကြင်နာစိတ်ရှိပြီး သစ္စာရှိတဲ့ Yuan Zhong Xin ပဲဖြစ်ပါတယ်။


penny


#ဒရာမာ
#ချစ်ခြင်း
#မင်းသား
#အတိုက်အခိုက်
#ဇာတ်လမ်း

Some text some message..