ပျိုမေတို့ရဲ့ အသည်းကျော်မင်းသားလေး Park Bo-gum ရဲ့အကြောင်းအရာတချို့…
mystylemyanmar.com
|
2020-10-06

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခေါက်ပြောပြပေးချင်တဲ့ ပျိုမေတို့ရဲ့ အသည်းကျော် ချစ်စရာကိုရီးယားမင်းသားချောလေး Park Bo-gum အကြောင်းပဲ ဖြစ်ပါတယ်။ အားလုံးစိတ်ဝင်စားကြမယ်လို့လည်း မျှော်လင့်တယ်နော်။ Park Bo-gum အကြောင်းလေးလည်းဖတ်ရင်း သူ့ရဲ့ညှို့အားပြင်းတဲ့ပုံရိပ်လေး တွေကိုပါ တစ်ခါတည်း ကြည့်လိုက်ရအောင်နော်။








Park Bo-gum က ၁၉၉၃ ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှာ မွေးဖွားပြီးတော့ မေထုန်ရာသီဖွားဖြစ်တယ်။






တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လေးကတော့ သူမွေးဖွားရာ ဇာတိဖြစ်တယ်။





သူ့အရပ်အမြင့်ကတော့ (၆) ပေ ဖြစ်ပြီးတော့ သွေးအမျိုးအစားက အိုသွေးပါ။






သူက မောင်နှမသုံးယောက်ထဲမှာ အငယ်ဆုံးလေးပါ။






သူ့ရဲ့နာမည် Bo-gum က အဖိုးတန်ရတနာဓားလို့ အဓိပ္ပါယ်ရတယ်။






သူလေးတန်းနှစ်မှာပဲ သူ့အမေဆုံးသွားတာပါ။




သူအသက်ငါးနှစ်အရွယ်မှာ စန္ဒယားတီးသင်ခဲ့ပြီးတော့ သူ့ဘုရားကျောင်းမှာ စန္ဒယားလည်းတီးသလို ဓမ္မတေးသီချင်းသီဆိုတဲ့ အဖွဲ့ထဲမှာလည်း ပါဝင်ပါတယ်။




အမှန်တကယ်တော့ သူက အဆိုတော် သီချင်းရေးဆရာတစ်ယောက်ဖြစ်ချင်ခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ သရုပ်တောင်လိုင်းဘက်ကို ပြောင်းလိုက်တယ်။




Shinmok အထက်တန်းကျောင်းအောင်ပြီးတဲ့နောက်မှာ Myonghi တက္ကသိုလ်က ရုပ်ရှင်နဲ့ တေးဂီတဌါနမှာ တက်ရောက်ဖို့ စာရင်းပေးသွင်း ခဲ့တယ်။၂၀၁၅ ခုနှစ်မှာ တက္ကသိုလ်ကိုယ်စားပြုအနေနဲ့ အင်္ဂလန်၊ ပြင်သစ်၊ အီတလီနဲ့ ဆွစ်ဇာလန်နိုင်ငံကို သွားရောက်လေ့လာခဲ့တယ်။




သူက Song Joong-ki နဲ့လည်း သူငယ်ချင်းကောင်းတွေဖြစ်သလို BTS အဖွဲ့ဝင် V နဲ့လည်း ရင်းနှီးပါတယ်။






သူ့ရဲ့ စိတ်ကူးထဲကမိန်းကလေးကတော့ သူ့ကို အမေတစ်ယောက်လိုဂရုစိုက်တတ်ရမဲ့အပြင် သူငယ်ချင်းလိုလည်း သက်သောင့်သက်သာ ပေါင်းသင်း ပြောဆိုဆက်ဆံနိုင်တဲ့ မိန်းကလေးမျိုးဖြစ်ရပါမယ်။




စာဖတ်သူတွေထဲမှာရော Park Bo-gum ကို ကြိုက်တဲ့သူဘယ်နှယောက်ရှိလဲဆိုတာ Comment မှာ ပြောပြခဲ့နော်။ နောက်တစ်ခေါက်ကျရင်လည်း ဘယ်ကိုရီယားမင်းသား၊ မင်းသမီးအကြောင်းတွေကို ပြောပြစေချင်လည်းဆိုတာကို Comment ထဲမှာ ပြောပြခဲ့နော်။

Photo Source: Pinterest.com

Source: Kprofile.com


The post

ပျိုမေတို့ရဲ့ အသည်းကျော်မင်းသားလေး Park Bo-gum ရဲ့အကြောင်းအရာတချို့… appeared first on

MyStyle Myanmar .


#စန္ဒယား
#မင်းသား
#အသည်း
#တေးသီချင်း
#တေးဂီတ

Some text some message..