“Pawn” ရုပ်ရှင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ပြောပြခဲ့တဲ့ Ha Ji Won
mmtimes.com
|
2020-10-07



“Pawn” ရုပ်ရှင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ပြောပြခဲ့တဲ့ Ha Ji Won

Ha Ji Won ဟာ လက်ရှိသူမရိုက်ကူးနေတဲ့ “Pawn” ရုပ်ရှင်နဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါ တယ်။

ဒီရုပ်ရှင်ကတော့ အပေါက်ဆိုးတယ်လို့ထင်ရပေမယ့် စိတ်ထားကောင်းတဲ့ငွေတိုးချေးစားသူ Doo Seok ရဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

Ha Ji Won ကတော့ ပေါင်နှံစရာမရှိတာကြောင့် သားသမီးကိုအပေါင်အဖြစ်ပေးခဲ့တဲ့ Myung Ja ရဲ့ သမီးဖြစ်သူ Seung Yi အဖြစ် ပါဝင်သရုပ်ဆောင်ရမှာပါ။

Seung Yi ရဲ့ ငယ်ဘဝကိုတော့ ကလေးသရုပ်ဆောင် Park So Yi က သရုပ်ပေးမှာဖြစ်ပြီး Ha Ji Won ကို အရွယ်ရောက်လာတဲ့ Seung Yi အဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။

“Pawn” ဇာတ်ကားဟာ Ha Ji Won အတွက် လေးနှစ်အတွင်းမှာ ပထမဆုံးရိုက်ကူးမယ့်ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။

အသက် ၄၂ နှစ်အရွယ် Ha Ji Won က ဒီရုပ်ရှင်ထဲက အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူအဖြစ်သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်း တချို့လည်းပါဝင်တယ်လို့သိရပါတယ်။

သူမအနေနဲ့ဒီလိုမျိုးအရွယ်ဇာတ်ရုပ်တွေကို သရုပ်မဆောင်ချင်ပေမယ့် ဒါရိုက်တာရဲ့ဆန္ဒအရ မတတ်သာပဲရိုက်ကူးခဲ့ရတယ်လို့ဆိုပါတယ်။

အတတ်နိုင်ဆုံးငယ်တဲ့ပုံပေါ်အောင် ဆံပင်နဲ့ အဝတ်အစားကိုအဓိကပြင်ဆင်ထားလို့လည်းပြောခဲ့ပါတယ်။

အနုပညာသက်တမ်း ၂၄ နှစ်ရှိပြီဖြစ်ပြီး အခုအချိန် အထိ အိမ်ထောင်မပြုရသေးပါဘူး။

အိမ်ထောင်ပြု ဖို့အစီအစဉ်ရှိ၊မရှိမေးမြန်းရာမှာတော့ အခုအချိန်ထိ အိမ်ထောင်ပြုဖို့မစဉ်းစားရသေးဘဲ ပြုဖို့ကံပါလာရင်လည်း အိမ်ထောင်ပြုဖြစ်သွားမှာပါလို့ဆိုပါတယ်။


#ရုပ်ရှင်
#သရုပ်
#သရုပ်ဆောင်
#အရွယ်
#ဇာတ်ဝင်ခန်း

Some text some message..