ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားပြီး ပျိုမေတွေရဲ့အိပ်မက်ထဲကမင်းသားလေးဖြစ်လာတဲ့ Yoo Seung Ho
mystylemyanmar.com
|
2020-10-08

ကလေးသရုပ်ဆောင်ဘဝကတည်းကစပြီး အောင်မြင်မှုတွေ တဖြည်းဖြည်းရယူလာတဲ့ ကိုရီးယားမင်းသားချောလေး Yoo Seung Ho က ၁၉၉၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ Gyeyang ခရိုင်မှာ မွေးဖွားခဲ့ပါတယ်။ သွေးအမျိုးအစားကတော့ အေသွေးဖြစ်ပြီး အရပ်အမြင့်က ၅ ပေ ၉ လက်မရှိပါတယ်။





သူက ချမ်းသာတဲ့မိသားစုက ဆင်းသက်ပေါက်ဖွားလာတာ မဟုတ်ပါဘူး။ တစ်ရက်မှာ သူ့အမေက လျှပ်တစ်ပြက်ရိုက်ကူးထားတဲ့ သူ့သားဓာတ်ပုံကို ကြော်ငြာအေဂျင်စီကို ပို့ပြီးတဲ့နောက်မှာ သူ့ကိုကြော်ငြာရိုက်ဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။ အဲ့ဒီလိုကနေ အသက် ၆ နှစ်အရွယ် (၁၉၉၉ ခုနှစ်) မှာ ဖုန်းကြော်ငြာရိုက်ကူးခဲ့ရာကနေ အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။





သရုပ်ဆောင်အလုပ်ကိုတော့ ၂၀၀၀ ခုနှစ်မှာ Daddy Fish ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။





၂၀၀၂ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ The Way Home ဇာတ်ကားထဲမှာ သရုပ်ဆောင်ကောင်းတဲ့အတွက် ပရိသတ်တွေအကုန်လုံးက နိုင်ငံရဲ့ရတနာလေးဆိုပြီး ချစ်စနိုးနဲ့ ခေါ်ဝေါ်ခြင်းခံခဲ့ရပါတယ်။ အဲ့ဒီဇာတ်ကားလေးနဲ့ပဲ ကလေးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။





၂၀၁၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှာ စစ်မှုထမ်းတာဝန်အတွက် စစ်ထဲဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ စစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့ပါတယ်။





ရာဇဝင်ကားတွေ အမြောက်အမြားရိုက်ကူးရတော့ ဓားရေးလေ့ကျင့်ခြင်း၊ ဂျူဒို၊ ကရာတေးစတဲ့ကိုယ်ခံပညာလေ့ကျင့်ခြင်းတွေကို သင်ယူခဲ့ပါတယ်။





သရုပ်ဆောင်ဆုပေါင်း ၁၁ ခုထက်မနည်း ရရှိခဲ့တဲ့ မင်းသားတစ်လက်ပါ။





သူ့စိတ်ကူးထဲက မိန်းကလေးကတော့ ဆံကေသာအနက်ရောင်လေးပိုင်ဆိုင်ထားရမယ်။ တိရိစ္ဆာန်လေးတွေကိုလည်း ချစ်ခင်သနားတတ်ရမယ်။ ဘယ်နေရာသွားသွား လက်ထဲမှာ စာအုပ်တစ်အုပ်အမြဲတမ်းကိုင်ထားရမယ်။ ဆိုလိုတာက စာဖတ်ဝါသနာပါတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ရမှာပေါ့နော်။ ဒါပေမဲ့ စစ်မှုထမ်းပြီးနောက်မှာ များပြားလှတဲ့ အလုပ်ချိန်တွေကြောင့် အခုလောလောဆယ်တော့ လက်ထပ်ဖို့ စိတ်ကူးမရှိသေးဘူး တဲ့လေ။





Photo Source: Pinterest.com


The post

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားပြီး ပျိုမေတွေရဲ့အိပ်မက်ထဲကမင်းသားလေးဖြစ်လာတဲ့ Yoo Seung Ho appeared first on

MyStyle Myanmar .


#သရုပ်ဆောင်
#စစ်မှုထမ်း
#မင်းသား
#ဓားရေး
#ကြော်ငြာ

Some text some message..