ထိုင်းမင်းသားချောလေး Ice Paris အကြောင်း သိထားသင့်တဲ့ အချက်များ
auntymay.com
|
2020-10-11

ထိုင်းရဲ့ မင်းသားအချောလေးတွေစာရင်းမှာ Ice Paris ကလည်း မဖြစ်မနေ ပါဝင်နေပါတယ်။ ထိုင်းမင်းသားတွေအကြောင်း ပြောရမယ်ဆိုရင် Ice Paris အကြောင်းလည်း ပြောရမှာပါပဲ။


သူ့ရဲ့ အသက် – သူကတော့ ၁၉၉၈ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဒါကြောင့် ဒီလထဲမှာပဲ အသက် ၂၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။



View this post on Instagram


A post shared by

Paris Intarakomalyasut (@icepariss) on


မွေးချင်းများ– သူကတော့ အငယ်ဆုံးသား ဖြစ်ပါတယ်။ သူ့မှာ အစ်မတစ်ယောက် ရှိပါတယ်။


မိသားစုအခြေအနေ – ဖခင်ဖြစ်သူကတော့ မကြာသေးခင်နှစ်တွေကပဲ ဆုံးပါးသွားခဲ့ပြီး လက်ရှိမှာ အမေနဲ့ အစ်မဖြစ်သူနဲ့ အတူ နေထိုင်လျက် ရှိပါတယ်။


ပညာရေး – လက်ရှိမှာတော့ Chulalongkorn University မှာ Faculty of Communication Arts ကနေ B.A ယူဖို့ သင်ယူနေလျက် ရှိပါတယ်။



View this post on Instagram

Disgusting หว่ะไอ้อ้วก #ฉลาดเกมส์โกงEP2
A post shared by

Paris Intarakomalyasut (@icepariss) on


အနုပညာလှုပ်ရှားမှုများ– ၂၀၁၇ ခုနှစ်မှာ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲ Project S The Series: Skate Our Souls မှာ ဇာတ်ပို့နေရာကနေ ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ In Family We Trust ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရခဲ့ပါတယ်။


အခြားသော အနုပညာလှုပ်ရှားမှုများ – သူက သီချင်းလည်း အဆိုကောင်းပါတယ်။ တခြားသရုပ်ဆောင်တွေနဲ့အတူ Singer Group ထဲမှာလည်း ပါဝင်ထားပါတယ်။ နာမည်ကြီး My Ambulance ရုပ်သံဇာတ်လမ်းတွဲမှာလည်း ဇာတ်ဝင်တေးတွေ ဆိုထားပါသေးတယ်။



View this post on Instagram

ถึงทีมเราจะไม่ชนะ แต่เรื่องเสียงและพลังพวกเราคือที่ 1 !!!! #TEAMLOL #linewebtoonth #Gameoftoons
A post shared by

Paris Intarakomalyasut (@icepariss) on


သူ့ရဲ့ အကြိုက်နဲ့ အတွေး – သူကတော့ ဂစ်တာတီးရတာကို နှစ်သက်ပါတယ်။ သူ့မှာ စံသတ်မှတ်ထားတဲ့ အကြိုက်ပုံစံ မရှိပါဘူး။ သူက လူတိုင်းမှာ တစ်မျိုးစီ နှစ်သက်စရာ ရှိနေတာပါလို့ အတွေး ရှိတဲ့သူပါ။



View this post on Instagram

ดูกันรึยัง check this out Official MV ‘รักติดไซเรน Midnight Version’ โดย ไอซ์ พาริส Nothing better than working with friends #รักติดไซเรนMidnightVersion
A post shared by

Paris Intarakomalyasut (@icepariss) on


လတ်တလော အနုပညာ လှုပ်ရှားမှုများ – နာမည်ကြီး Bad Genius ရုပ်ရှင်ကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဆန်းသစ် ရိုက်ကူးထားတဲ့ Bad Genius (2020) မှာ ပါဝင်ထားပါတယ်။ သြဂုတ်လကနေ စက်တင်ဘာလအထိ ရုပ်သံတွေကနေ ထုတ်လွှင့်ခဲ့ပြီး တစ်ပိုင်းကို ၅၃ မိနစ်စာနဲ့ အပိုင်း ၁၂ ပိုင်း ပါဝင်ထားပါတယ်။

Kham


#ရုပ်သံ
#ဇာတ်လမ်း
#လှုပ်ရှားမှု
#အကြိုက်
#B.A

Some text some message..