တစ်လပြည့်သွားပြီဖြစ်တဲ့ အဆိုတော် ပန်းအိဖြူ ရဲ့ သားလေး
celegabar.com
|
2020-10-14



တေးသံရှင် ပန်းအိဖြူကတော့ မြန်မာသံ သီချင်းအေးအေးလေးတွေကို အေးချမ်းတည်ငြိမ်တဲ့ အသံလေးနဲ့ သီဆိုတတ်တဲ့ မြန်မာသံ အဆိုရှင်တစ်ဦးပဲဖြစ်ပါတယ် ။ တေးသံရှင် ပန်းအိဖြူဟာ ဗိုလ်ကြီး နေဇော်ထွန်းနဲ့ အိမ်ထောင်ပြုပြီး ပထမဆုံးရင်သွေးလေးကို စေက်တင်ဘာလ (၁၀)ရက်နေ့ ကြာသပတေးနေ့မှာမွေးဖွားခဲ့ပါတယ် ။





သူမရဲ့ချစ်စရာကောင်းတဲ့ သားလေးကို ပရိသတ်တွေကလည်း အရမ်းကိုချစ်ခင်နေကြတာပါ ။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၀)ရက်နေ့မှာတော့ ပန်းအိဖြူလေးသားလေးဟာ လူ့လောကထဲရောက်ရှိလာတဲ့ တစ်လပြည့်ခဲ့ပြီဖြစ်ပါတယ် ။ ပန်းအိဖြူက သားသား အသက် တစ်လပြည့်ပါပြီ ခင်ဗျာ… ဆိုတဲ့စာသားလေးနဲ့အတူ ချစ်စဖွယ်သူမ သားလေးရဲ့ ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။





ပရိသတ်တွေကတော့ သူမကိုချစ်သလို သားသားလေးကိုလည်း အများကြီးချစ်ပေးကြပြီး မွေးနေ့ဆုမွန်ကောင်းတွေ အများကြီး ပေးခဲ့ကြပါတယ် ။ ပန်းအိဖြူကလည်း သားသားလေးကို ချစ်ပေးကြတဲ့ ချစ်ရသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း မှတ်ချက်ရေးသားခဲ့ပါတယ် ။


Source : Pan Ei Phyu
Emily (Cele Gabar)


#သားလေး
#လပြည့်
#တေးသံရှင်
#ပရိသတ်
#အဆိုရှင်

Some text some message..