
kaung kyaw 3
ဟိုးအခြေခံအောက်ခြေလူတန်းစားအထိ တိုက်ရိုက်သွားပြီးလှူဒါန်းပေးနေတဲ့ ဒိန်းဒေါင်ရဲ့ချွန်တွန်းပရဟိတကတော့ အကူအညီမဲ့နေတဲ့သူတွေအတွက် အသက်ရှုချောင်စေခဲ့သလို လတ်တလောမှာ အကူညီတောင်းခံလိုသူတွေလည်း ဆက်တိုက်ဆက်သွယ်လာတာကို တွေ့မှာပါ။ ချွန်းတွန်းပရဟိတအဖွဲ့ကို ဒိန်းဒေါင်ကဦးဆောင်တည်ထောင်ထားတာဖြစ်ပြီး သူငယ်ချင်းလူရွှင်တော်များကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ပါတယ်။
ကောင်းကျော်ကိုယ်တိုင်လည်း ချွန်းတွန်းပရဟိတကိုဝန်းရံဆောင်ရွက်ပေးနေပြီး ဒီနေ့မှာတော့ သူ့ဆီကိုအကူညီတောင်းခံလာသူတွေအတွက် ရှင်းလင်းစကားပြောကြားခဲ့ပါတယ်။ ချွန်တွန်းပရဟိတအဖွဲ့ကို အကူညီတောင်းခံလျက်ရှိကြသော အခက်ခဲဖြစ်နေကြသူများခင်ဗျာ… အကူညီတောင်းခံလိုပါက အောက်ဖော်ပြပါ ဖုန်းများကိုတိုက်ရိုက် ဆက်သွယ်ပြီးပြောပေးကြပါခင်ဗျာ… ချွန်တွန်းပရဟိတအဖွဲ့ကို ဦးဆောင်သူဖြစ်သည့် ကိုဒိန်းဒေါင်(ချွန်တွန်း)တစ်ဦးထဲမှ တတ်နိုင်တဲ့ဘက်ကကူညီလှုဒါန်းချင်တဲ့စိတ်နဲ့ စေတနာအပေါ်အရင်းခံပြီး စတင်ခဲ့တဲ့အဖွဲ့ပါ… ဒါကြောင့် အလှူခံရရှိလာတဲ့အပေါ်မူတည်ပြီး ဖြန့်ဝေလှုဒါန်းမှုအတွက်ဆုံးဖြတ်ချက်များကို ကိုဒိန်းဒေါင်တစ်ဦးတည်းကသာလျှင် ချင့်ချိန်ပြီးလုပ်ဆောင်ပေးနေရတာဖြစ်ပါတယ်။
အားကိုးတကြီးဖြင့် ကျွန်တော့် cbနှင့်phများဆက်ပြီး အကူညီတောင်းနေကြသည့်အပေါ် ဘာမှပြန်ပြီး အကူညီမပေးနိုင် မတုန့်ပြန်ပေးနိုင်သည့်အပေါ် အားနာခြင်း စိတ်မကောင်းဖြစ်ရခြင်း ဝမ်းနည်းခြင်းများ ဖြစ်ရသည့်အတွက် ဆုံးဖြတ်ပေးနိုင်သည့်သူထံသို့သာ ဆက်သွယ်အကူညီတောင်းကြပါလို့ အသိပေး တောင်းပန်ခြင်းဖြစ်ပါသည် ဗျာ ဆိုပြီးရေးသားမျှဝေလာပါတယ်။ ချွန်းတွန်းပရဟိတအလှူအတွက် ဆုံးဖြတ်ချက်ကို ဒိန်းဒေါင်ကိုယ်တိုင်ဆုံးဖြတ်တာမို့ အကူညီလိုသူတွေအနေနဲ့ ဒိန်းဒေါင်ဖော်ပြပေးထားတဲ့ဖုန်းနံပါတ်တွေကို တိုက်ရိုက်ဆက်တာက ပိုပြီးထိရောက်မှာဖြစ်ကြောင်း ကောင်းကျော်က ရေးသားမျှဝေခဲ့တာပါ ပရိသတ်ကြီးရေ..
Home
Source – U Kaung Kyaw
Rainbow- Cele Gabar