အားလပ်ရက်တွေမှာ သင့်ကို စိတ်လန်းဆန်းစေမယ့် လက်ရှိမှာ ပြသနေဆဲ K-Drama (၄) ကား
auntymay.com
|
2020-10-17

ကိုရီးယားရုပ်ရှင်တွေ ကြိုက်တဲ့သူတွေအဖို့တော့ ရိုးရှင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ ဇာတ်ကားတွေကို ကြည့်ဖို့ ပျင်းရိတတ်ပါတယ်။ လက်ရှိမှာတော့ ခပ်ဆန်းဆန်း ဇာတ်လမ်းတွေ၊ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းတွေကို ထုတ်လွှင့်နေတဲ့ Drama ကားကောင်းတွေ ရှိနေပါတယ်။ ပြသနေဆဲ Drama တွေထဲမှာ သင့် အနားယူချိန်ကို အကောင်းဆုံး စိတ်လန်းဆန်းစေမယ့် ကားတွေ ရှိနေပါတယ်နော်။


(၁) Tale of the Nine Tailed

K-Drama fan တွေ အနေနဲ့ ကြည့်ကို ကြည့်သင့်တဲ့ ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ မြေခွေးနဲ့ လူသား ပတ်သတ်တဲ့ သဘာဝလွန်ဇာတ်လမ်းတွေက မရိုက်ကူးတာ တော်တော်ကြာနေပါပြီ။ ဒါကြောင့် အခုဇာတ်လမ်းက ပရိသတ်တွေအတွက် လုံးဝ အကြိုက်တွေ့စေမှာပါ။ မြေခွေးလူသားအကြောင်း ရိုက်ကူးတဲ့ ဇာတ်လမ်း ဖြစ်သလို ပရိသတ်တွေ အကြိုက်တွေ့တဲ့ သရုပ်ဆောင်တွေ ဖြစ်တဲ့ Lee Dong Wook နဲ့ Kim Bum တို့လည်း ပါဝင်ထားပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်လျက် ရှိပါတယ်။



View this post on Instagram

Tale of the Nine Tailed -NEW POSTER – Release Date: October, 2020 — Runtime: Wed. & Thu. 22:50 – PLOT: A nine-tailed fox settles down in the city. A female television PD chases after the nine-tailed fox. . @leedongwook_official @xxadoraa @demi_kimee @k.kbeom – #leedongwook #joboah #kimbeom #kimbum #kimyongji #taleoftheninetailed #구미호뎐
A post shared by

Tale of the Nine Tailed (@taleoftheninetailed_kdrama) on


(၂) Do Do So So Lar Lar So

အချစ်ဇာတ်ကားလေးတွေကိုမှ ပုံမှန် သမားရိုးကျနဲ့ ကွဲထွက်နေတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတစ်ခု ဖြစ်ပါတယ်။ ချမ်းချမ်းသာသာနေလာလို့ လူတွေ အကြောင်းလည်း မသိတဲ့ ကောင်မလေးတစ်ယောက်က ဖခင် သေဆုံးသွားတဲ့အခါ လောကဓံကို ရင်ဆိုင်နေရတဲ့ အချိန်မှာ သူ့ကို သိထားကြတဲ့သူတွေကနေ မသိမသာ ကူညီကြတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ရယ်လည်း ရယ်ရသလို သင့်စိတ်ကိုလည်း ပေါ့ပေါ့ပါးပါး ဖြစ်စေပါတယ်။ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ပြသနေပါတယ်။



View this post on Instagram

Day-16 ✧♪●♩○♬☆♩✧♪●♩○♬☆ [ #dodosolsollalasol #도도솔솔라라솔 #goara #leejaewook #kdrama #koreandrama #kdramas #kdrama2020 #drama2020 #drama #dramas #korea #dramakorea #dramaskorea #dramamusical #musicaldrama #extraordinaryyou #koreanseries #koreanactor #dodosolsollalasolofficial ]


A post shared by

DoDoSoᥣSoᥣLᥲLᥲSoᥣ ♩♬ (@dodosolsollalasolofficial) on


(၃) Record of Youth

အိပ်မက် ကိုယ်စီကို အကောင်အထည်ဖော်နေကြတဲ့ မတူညီတဲ့ မိသားစု ကိုယ်စီကနေ မွေးဖွားလာတဲ့ လူငယ်တွေ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျတဲ့ အချိန်မှာ ကြည့်လို့ ရသလို သင့်ကို စိတ်ခွန်အားတွေ ဖြစ်စေတဲ့ ကားလေး တစ်ကား ဖြစ်ပါတယ်။ တနင်္လာနဲ့ အင်္ဂါနေ့တိုင်းမှာ ပြသလျက် ရှိပါတယ်။



View this post on Instagram

연말시상식 #최우수상 #축하해 #민수형 #우리셋 #forever #안녕 #2019
A post shared by

청춘기록 (공식 계정) (@recordofyouth_official) on


(၄) 18 Again

မိဘနဲ့ သားသမီးကြားက နားလည်မှု မတူတာလေးတွေနဲ့ လောကဓံကို ရင်ဆိုင်ရတဲ့အခါ ဖြစ်လာတဲ့ အခြေအနေကို မြင်သာစေတဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ ရွေးချယ်ခဲ့တဲ့ အရာတွေအတွက် နောင်တရတဲ့ အပိုင်းနဲ့ နောင်တ မရတဲ့ အချက်တွေကြားမှာ သဘာဝလွန် ဖြစ်ရပ် ဖြစ်သွားပြီး ကိုယ့်စီ ဖြစ်ချင်တဲ့ဘဝကို ပြန်ရှာတဲ့ ဇာတ်ကားမျိုးလေး ဖြစ်ပါတယ်။ တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ထုတ်လွှင့် ပြသလျက် ရှိပါတယ်။



View this post on Instagram

Jangan lupa nanti malam mas kunang-kunang tayang! Let me share all about 18 Again. Don’t forget tonight with mas kunang. hehe #18again #dramakorea #leedohyun #netflix #hoteldelluna #itsokaynottobeokay #pshycobutitsokay #goldmedalist #kimsoohyun #seoyeaji #koreanbrandawards #lfl #koreanfashion #korean #koreangirl #koreadrama #koreanbeauty #koreaactress
A post shared by

KOREAN DRAMA 18 AGAIN (@18againdrama) on



Kham


#ဇာတ်လမ်း
#ဗုဒ္ဓဟူး
#လောကဓံ
#တနင်္လာ
#ကြာသပတေးနေ့

Some text some message..