သက်မွန်မြင့်ကတော့ ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ ချင်းတိုင်းရင်းသူလေးတစ်ဦး ဖြစ်ပါတယ်။ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် နာမည်ရအောင်မြင်နေတဲ့ သက်မွန်မြင့်က အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။ သက်မွန်မြင့်အနေနဲ့ အမာခံပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ ယနေ့အချိန်အထိ အနုပညာလောကမှာ ရပ်တည်အောင်မြင်နေတာလည်း ဖြစ်ပါတယ်။
အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ သက်မွန်မြင့်က ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ သက်မွန်မြင့်က အခုအချိန်ထိ အရွယ်တင်နုပျိုပြီး လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း ခုချိန်ထိ ချစ်ခင်အားပေးနေတုန်းပဲဖြစ်ပါတယ်။
ချစ်သက်ကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် အမြဲဆိုသလိုဖော်ပြပေးလေ့ရှိတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ အရင်တစ်ချိန်ထဲက သူမ ကြိုက်နှစ်သက်ခဲ့ရတဲ့ ကြွေလွင့်သွားပြီဖြစ်တဲ့ အဆိုတော်မီးမီးခဲနဲ့အတူရိုက်ဖြစ်ခဲ့တဲ့ အမှတ်တရပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာထက်မှာ ဖော်ပြခဲ့တာတွေ့ရပါတယ် ။ပုံလေးတွေနဲ့ အတူ “သူ မြန်မာပြည် ပြန်လာချိန် မဆုန်သင်းပွဲမှာ တွေ့ခွင့်ရခဲ့တယ်.. သူ့ One Lady show မသွားခဲ့ရဘူး.. ခုကျ သူမရှိတော့ဘူး.. ငယ်ထဲက အကြိုက်ဆုံး အဆိုတော်ထဲက တစ်ယောက်.. ကောင်းရာဘုံဘဝမှာ ပိုသာသော ပျော်ရွှင်မှုတွေနဲ့ အေးချမ်းပါစေ “ဆိုတဲ့စာလေးကိုပါဝမ်းနည်းကြေကွဲစွာဖော်ပြထားတာတွေ့ရပါတယ် ။စာလေးတွေဖတ်ရင်း ထပ်တူစိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ ချစ်ပရိသတ်ကြီးလည်း သက်မွန်နဲ့ မီးမီးခဲရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါရစေ ။
Yuan – Cele zone
photo – Thet Mon Myint
(ဇော်ဂျီဖြင့်ဖတ်ရန်)
သူမငယ်ငယ်ထဲကအရမ်းကြိုက်ခဲ့ရတဲ့ အဆိုတော်မီးမီးခဲနဲ့အတူရိုက်ထားခဲ့တဲ့ အမှတ်တရပုံလေးထုတ်ပြလိုက်တဲ့ သက်မွန်မြင့်