လေးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့အတွက် ဧရာဝတီစင်တာမှာ သွားရောက်လှူဒါန်းပေးခဲ့တဲ့ မိုးယုစံ
celegabar.com
|
2020-10-18

moe yu san 3

ပရိသတ်ရဲ့အချစ်တော်မင်းသမီးချောလေးမိုးယုစံကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာလုပ်ရှားမှုတွေရပ်နားကာ ပျော်ရွှင်စရာမိသားစုဘဝလေးကို အချိန်ပေးတည်ဆောက်နေသူပါ။ ဒီနေ့လေးကတော့ မိုးယုစံနဲ့ခင်ပွန်းဖြစ်သူ ကိုစွမ်းသူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်လေးနှစ်ပြည့်နေ့လေးဖြစ်ပြီး မင်္ဂလာနှစ်ပတ်လည်အလှူလေးအဖြစ် ဧရာဝတီစင်တာမှာ ပြုလုပ်ခဲ့ကြောင်း မျှဝေလာပါတယ်။




ဧရာဝတီစင်တာကတော့ မြန်မာနိုင်ငံမှာ များပြားလာတဲ့ကိုဗစ်လူနာတွေနဲ့ သံသယလူနာတွေ ကုသရေးအတွက် ဦးဇော်ဇော်ကိုယ်တိုင် မတည်လှူဒါန်းပေးထားတဲ့ Quarantine Center တစ်ခုဖြစ်သလို လတ်တလောမှာလည်း အလှူရှင်တွေ စဉ်ဆက်မပြတ်လှူဒါန်းပေးနေတာကို တွေ့မြင်ရမှာပါ။ မိုးယုစံတို့ ဇနီးမောင်နှံကလည်း သူတို့ရဲ့လေးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက် ဒီနေ့မှာသိန်း(၃၀) တိတိ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မျှဝေဖော်ပြလာပါတယ်။




မိုးယုစံတို့ ဇနီးမောင်နှံကတော့ မင်္ဂလာသက်တမ်း(၄) နှစ်မှာ အရမ်းချစ်ဖို့ကောင်းတဲ့ သားသားလေးကောင်းသိင်္ဃမိုးသူကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့အပြင် လတ်တလောမှာတော့ မိုးယုစံက ဒုတိယမြောက်ကိုယ်ဝန်လည်း လွယ်ထားရပြီဖြစ်ပါတယ် ပရိသတ်ကြီးရေ.. မင်္ဂလာသက်တမ်းလေးနှစ်ပြည့်မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။



Source -Moe Yu San
Rainbow- Cele Gabar



moe hay ko 2

ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ ပရိသတ်ချစ်ခြင်းကို သိမ်းပိုက်ထားသူ မိုးဟေကိုကတော့ လတ်တလောသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တနေ့တာအကြောင်းအရာလေးတွေသာမက ခရီးသွားတုန်းက ပုံရိပ်တချို့ကိုပါ နေ့စဉ်နီးပါးမျှဝေပေးလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ လန်ဒန်ကို အလည်သွားတုန်းက လာဗင်ဒါ ပန်းခင်းကြီးနဲ့ ရိုက်ကူးထားတဲ့ပုံတချို့နဲ့အတူ လာဗင်ဒါပန်းခင်းတွေကိုကြိုက်ရခြင်းအကြောင်းအရင်းကို မျှဝေခဲ့ပါတယ်။




မိုးခရီးသွား အမှတ်တရပုံလေးတွေ တင်ဖို့ကြည့်နေတုန်း လန်ဒန်က Lavender ပန်းခင်းကြီးက ပုံတွေတွေ့တော့ ဘာလို့ မိုးက Lavender ပန်းတွေကြိုက်တာလဲ ဆိုပြီး တွေးမိလို့ တိုက်ဆိုင်တာလေးတွေကို ရှင်တို့လေးတွေကို ပြောပြမယ်နော်။ Lavender ပန်းတွေရဲ့ မျိုးရင်းက မိုးတို့ မြန်မာနိုင်ငံမှာ ပင်စိမ်းလို့ခေါ်တဲ့ အပင်လေးတွေနဲ့တူတယ်တဲ့။ မိုးက ကြက်သားပင်စိမ်းဟင်းဆို အရမ်းကြိုက်တယ်လေ။ နောက်တစ်ခုက မိုးသွားလည်ခဲ့တဲ့ ပန်းခင်းကြီးထဲက English Lavender တွေက June လ မှာပွင့်ကြတာဆိုတော့ မိုးရဲ့ မွေးလနဲ့ တူတူပဲ။ အဲဒီအခါကြမှ မိုးဘာလို့ Lavender ပန်းတွေ ကြိုက်တာလဲဆိုတဲ့ အဖြေကိုသိလိုက်ရတယ် ဆိုပြီး မျှဝေလာပါတယ်။




ဒါ့အပြင် ချစ်ခင်ရသူတွေအတွက် ပို့စ်လေးတွေ မျှဝေပေးပြီးတိုင်း မှာနေကြစကားလေးဖြစ်တဲ့ အိမ်မှာနေကြပါ၊ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း Mask တပ်ပါ၊ ကူးစက်မှုတွေ နည်းလာလည်း သတိဆိုတာပိုတယ်မရှိတာမို့ လူတွေအများကြီးကြားထဲ လျှောက်မသွားကြပါနဲ့ ဆိုပြီးတော့လည်း ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးကို သတိပေးခဲ့ပါသေးတယ်.. လာဗင်ဒါတွေကို ချစ်တဲ့ မိုးရဲ့ ခရမ်းရောင်လာဗင်ဒါပန်းခင်းကြီးနဲ့အပြိုင်လှနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။



Source- Moe Hay Ko
Rainbow- Cele Gabar



may mi koko

မေမီကိုကိုကတော့ MRTV-4 ရဲ့ပင်တိုင်စံမင်းသမီးချောတစ်ယောက်ဖြစ်သလို ဇာတ်လမ်းတွဲတွေအများကြီးနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့သူပါ။ အားပေးနေတဲ့ပရိသတ်တွေကို အမြဲတမ်းအလေးထားသူတစ်ယောက်ဖြစ်သလို လတ်တလော Stay Home ကာလရိုက်ကူးရေးတွေရပ်နားထားချိန်မှာလည်း ချစ်ခင်ရတဲ့ပရိသတ်ကြီးနဲ့အဆက်သွယ်မပြတ်ရအောင် တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလျက်ရှိပါတယ်။




ဒီတစ်ခေါက်မှာတော့ Stay Home ကာလအတွင်း မိသားစုအတွက် လက်စွမ်းပြချက်ပြုတ်ထားသမျှ စားစရာလေးတွေကို မျှဝေလာပါတယ်။ ကြက်ဆီထမင်း၊ ဆီချက်ခေါက်ဆွဲ၊ ကြက်ပေါင်းခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲ၊ ကြေးအိုးဆီချက်၊ စတာတွေကို လက်စွမ်းပြထားတာဖြစ်ပြီး မြင်ရုံနဲ့ သွားရည်ကျချင်စရာကောင်းလောက်အောင် ချက်ပြုတ်ပြင်ဆင်ထားတဲ့ မေမီကိုကိုရဲ့လက်ရာလေးတွေကို တွေ့ရမှာပါ ပရိသတ်ကြီးရေ.. အရသာကလည်း ကောင်းလွန်းလို့ ချက်စားတဲ့နေ့တိုင်း ပိုတဲ့နေ့ကိုမရှိပါဘူးတဲ့နော်။




အလုပ်များတဲ့မေမီတို့လို အနုပညာရှင်တွေကတော့ ဒီလိုအချိန်မျိုးမှာမှ မီးဖိုချောင်ထဲဝင်ပြီး မိသားစုအတွက် စိတ်ကြိုက်ချက်ပြုတ်ခွင့်ရသလို တစ်သောင်းတောင်မပြည့်တဲ့ဈေးနှုန်းနဲ့ မိသားစုအဝစားနိုင်တဲ့အစားအစာလေးတွေကို မေမီကိုကိုက ကိုယ်တိုင်ချက်ပြခဲ့တာပါ။ လုပ်စားရတာလည်း အရမ်းလွယ်တာမို့ ပရိသတ်ကြီးကိုလည်း ထမင်း၊ဟင်းအစား တစ်ခါတလေ ဒါမျိုးလေးတွေလုပ်စားကြည့်ဖို့ အကြံပေးခဲ့သလို ပရိသတ်ကြီးရော Stay Home ကာလမှာ ဘာတွေလုပ်စားဖြစ်သလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။


Source – May Mi KoKo
Rainbow- Cele Gabar





ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးကြီး ချိုပြုံးကတော့ သူ့ရဲ့အနုပညာအမွေတွေကို မြေးဖြစ်သူ ဝင်းခန့်မိုးကိုပေးခဲ့တယ်လို့ဆိုရမှာပါ ။ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် တက်သစ်စ မင်းသားလေး ဝင်းခန့်မိုးက လတ်တလောမှာတော့ ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးနေတဲ့ “လရောင်အောက်ဘက် မိုင်အဝေးမှာ” “Yangon In Love”ရုပ်ရှင်ဇာတ်ကားကြီးနှစ်ခုမှာ ပါဝင်သရုပ်ဆောင်နေသူပါ။





လက်ရှိမှာတော့ 𝐏𝐎𝐒𝐇 𝐇𝐨𝐦𝐦𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐚𝐠𝐚𝐳𝐢𝐧𝐞 အတွက် “𝐃𝐞𝐥𝐢𝐠𝐡𝐭 𝐈𝐧” ဆိုတဲ့ Editorial Cover Set လေးနဲ့ ဝင်းခန့်မိုးရဲ့အမိုက်စား ပုံရိပ်တွေကို ရိုက်ကူးခဲ့ပါတယ် ။ Stylist တွေနဲ့အတူ အမိုက်စား Photographer ကရိုက်ကူးပေးထားတာဖြစ်ပြီး မြင်နေကျမဟုတ်တဲ့ ဝင်းခန့်မိုးရဲ့ လုံး၀ ဂေါ်ထွက်နေတဲ့ အမိုက်စား ပုံရိပ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ အရင်ပုံစံတွေနဲ့မတူ ကွဲထွက်နေတဲ့ ဝင်းခန့်မိုးရဲ့ ပုံရိပ်တွေကို အရမ်းကို သဘောကျနေကြတာလည်းတွေ့မြင်ရပါတယ် ။





ဝင်းခန့်မိုးရဲ့ ချစ်ပရိသတ်ကြီးအတွက်လည်း 𝐏𝐎𝐒𝐇 𝐇𝐨𝐦𝐦𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐚𝐠𝐚𝐳𝐢𝐧𝐞 အတွက် ရိုက်ကူးပေးထားတဲ့ ဝင်းခန့်မိုးရဲ့ အမိုက်စား ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ ပရိသတ်ကြီးလည်း တမျိုးအမြင်ဆန်းပြီး ဝင်းခန့်မိုးရဲ့ အမိုက်စား ဖန်တီးမှုတွေကို နှစ်သက်သဘောကျလိမ့်လို့ ထင်ပါတယ်နော် ။


Source :Win Khant Moe
Emily ( Cele Gabar)


#ပရိသတ်ကြီး
#ပန်းခင်း
#အမိုက်
#ပုံရိပ်
#ပင်စိမ်း

Some text some message..