တစ်ခေတ်တစ်ခါက ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင် ကျရာဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ခဲ့သူကတော့ သရုပ်ဆောင် မင်းသားချောလေး ဥက္ကာမင်းမောင်ပဲ ဖြစ်ပါတယ်။ သူဟာ မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာခဲ့တာလည်း ဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ " ရွှေမိုးသည်း " ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ယနေ့ချိန်အထိ ပရိသတ်တွေကြားမှာ လူကြိုက်များကာ ကြည့်ရှုအားပေးနေကြဆဲပဲ ဖြစ်ပါတယ်။
အလုပ်အားလပ်ချိန်တွေမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း ရုံတင်ဖို့ကျန်ရှိနေသေးတာကြောင့် ပရိသတ်တွေအားလုံးက အားပေးကြည့်ရှုရန် စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို ဝေမျှလေ့ရှိရာ အခုတစ်ခါမှာလည်း ဥက္ကာမင်းမောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ ဒီးဒီနဲ့ Video Callပြောရင်း Treasure လေးကြည့်ပြီးအမေတူသမီးလို့မှတ်ချက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ သူကလည်း "မပြောဖြစ်တာကြာသော သမီးတော် နဲ့ အဟီအဟား အခွီအနှောက်ပြောရင်း .. ထရက်ရှာလေးတောင် တော်တော်ကြီးလာပေါ့.. ချစ်စရာလေး" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။