အဘိုးအဘွားတွေ သီတင်းကျွတ်ကန်တော့မယ့်သူ မရှိမဖြစ်ရလေအောင် သွားရောက်ကန်တော့ပြီး လှူဒါန်းပေးသွားမယ့် သုသု
celegabar.com
|
2020-10-21

thu thu

အောင်မြင်တဲ့မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်သလို အနုပညာအလုပ်တွေနဲ့လည်း ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သုသုကတော့ လတ်တလော ကိုဗစ်ကာလမှာ ခက်ခဲနေသူတွေအတွက် တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနေသူပါ။ ဘဝတူမိန်းမလျာတွေရဲ့ဝမ်းရေးအတွက်လည်း ကူညီထောက်ပံ့ပေးနိုင်ခဲ့သလို ကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေအတွက်လည်း We Love Yangon မှာ ကုတင်(၁၀) လုံး၊ စမ်းချောင်း Q Center အတွက် နေ့လည်စာ စတာတွေကို ဒီကာလအတွင်းမှာ လှူဒါန်းပေးခဲ့ပါတယ်။




အခုလို သီတင်းကျွတ်ကာလမှာလည်း မိဘတွေမရှိတော့တဲ့ သုသုကတော့ သီတင်းကျွတ်ဆိုတာနဲ့ ဆရာသမား၊ ဆွေမျိုး၊ ကျေးဇူးရှင်တွေကို နှစ်စဉ်ကန်တော့လေ့ရှိသူပီပီ ဒီနှစ်မှာတော့ ကိုယ်တိုင်သွားရောက်ပြီး မကန်တော့နိုင်တော့ပေမယ့် လက်ဆောင်တောင်းလေးတွေ စီစဉ်ကာ ကန်တော့ခဲ့တဲ့အပြင် မကြာခင်မှာလည်း စွန့်ပစ်ခံဘိုးဘွားတွေအတွက် အလှူလေးလုပ်ရင်း သွားကန်တော့မယ်လို့ သိရပါတယ်။




စောင့်ရှောက်မယ့် သားသမီး၊မြေးမရှိ စွန့်ပစ်ခံခဲ့ရတဲ့ အဘိုးအဘွားတွေအဖို့ အခုလို ကိုဗစ်ကာလမှာ ပိုပြီးအလှူရှင်ရှားပါးနေမှာဖြစ်တဲ့အတွက် သုသုကတော့ စွန်ပစ်ခံ ,အကြောင်းအမျိုးမျိးကြောင့် သဘာဝတရားရိပ်သာရောက်နေကြတဲ့ အဖိုးအဖွား တွေကို ဝါကျွတ် ကန်တော့မယ်သူ မရှိလို့ စိတ်မကောင်းမဖြစ်စေရပါဘူး သု တို့ သွားကန်တော့ပါမယ် ဆိုတဲ့စာသားလေးနဲ့အတူ Marie Biscuit ,Vitamin C Water တွေကို အားတဲ့နေ့ကျရင် သန်လျင်သဘာဝတရား ရိပ်သာ က အဖိုး အဖွားတွေအတွက် သွားရောက်လှူဒါန်းပေးမှာဖြစ်ကြောင်း သူ့ရဲ့နောက်ထပ်လုပ်မယ့် အလှူလေးကို မျှဝေပေးခဲ့ပါတယ်။



Source – Nyi Nyi Maung
Rainbow- Cele Gabar





အခုအချိန်ကာလလေးကတော့ မြန်မာနိုင်ငံသားတို့ရဲ့ မင်္ဂလာရှိတဲ့ သီတင်းကျွတ်အခါသမယလေးပါ။ ဒီအချိန်မျိုးလေးကတော့ မိဘ၊ဆွေမျိုး၊ ဆရာသမား၊ ကျေးဇူးရှင်တွေအတွက် တစ်သီးတစ်သန့် ဂါရဝပြုကြတဲ့အချိန်ကာလလေးဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် အခုလို ကိုဗစ်ကာလမှာတော့ ဆရာသမားနဲ့ လူကြီးသူမတွေဆီ ကိုယ်တိုင်သွားရောက်ကန်တော့ကြတဲ့ သီတင်းကျွတ်အလေ့အထလေးတွေ ပြုလုပ်နိုင်ဖို့ ခက်ခဲနေတာတော့ အမှန်ပါပဲ ပရိသတ်ကြီးရေ..




ဒါပေမယ့် နှင်းဆီ အငြိမ့်အဖွဲ့ဝင်ထဲက အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ရဲလေးကတော့ ဒီနေ့မှာ သူ့ရဲ့အနုပညာအစ်ကိုဖြစ်တဲ့ ကျော်ကျော်ဗိုလ်ကို လာရောက်ကန်တော့ခဲ့ကြောင်း ကျော်ကျော်ဗိုလ်က မျှဝေလာပါတယ်။ ကျွန်တော်တို့ ” နှင်းဆီ ” ရဲ့ညီအငယ်ဆုံး ရဲလေး ကိုဗစ်ကာလမှာတောင် အိမ်ကိုလာပြီး သီတင်းကျွတ်ကန်တော့သွားတယ် … အိမ်ထဲတောင်မဝင်ပဲ အိမ်ရှေ့ကြမ်းပြင်မှာပဲထိုင်ကန်တော့သွားရှာတယ်. ဆိုပြီးတော့ ညီငယ်ရဲလေးတစ်ယောက် စည်းစနစ်တကျ လာရောက်ကန်တော့ခဲ့ကြောင်း မျှဝေခဲ့ပါတယ်။




အခုလိုမျိုး ကိုဗစ်ကာလမှာတောင် ကြီးသူကို ဂါရဝထားပြီး အိမ်တိုင်ရာရောက် လာကန်တော့ခဲ့တဲ့ ရဲလေးကိုတော့ မြတ်နိုးသောအနုပညာကိုစိတ်ရှိတိုင်းဖန်တီးခွင့်ရရှိပြီး၊ပြည်သူပရိသတ်တွေရဲ့မေတ္တာကိုနှစ်ပေါင်းများစွာပိုင်ဆိုင်နိင်သူဖြစ်ပါစေ ဆိုပြီးတော့ ကျော်ကျော်ဗိုလ်က ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ..



Source – Kyaw Kyaw Bo
Rainbow- Cele Gabar


#ကန်တော့
#သီတင်းကျွတ်
#ဆရာသမား
#ကာလ
#သဘာဝတရား

Some text some message..