ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်နဲ့ အဆိုတော်စိန်လင်းတို့က တစ်ယောက်နဲ့ တစ်ယောက် အရမ်းကိုရင်းနှီးကြတယ်ဆိုတာကိုတော့ ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါ ။ You Are My Life ဆိုတဲ့ စုံတွဲသီချင်းလေးကိုအတူတူ သီဆိုခဲ့ကြပြီး ပရိသတ်တွေအားပေးမှုကို အများကြီးရရှိခဲ့ပါသေးတယ် ။
အောက်တိုဘာလ (၂၇)ရက်နေ့မှာကျရောက်တဲ့ စိန်လင်းရဲ့ မွေးနေ့အတွက် Live လွှင့်နေတုန်း ပိုးကြာဖြူခင်က ရောက်လာပြီး ကိတ်မုန့်ကြီးနဲ့ Suprise လုပ်ခဲ့ပါတယ် ။ မွေးနေ့လက်ဆောင်အနေနဲ့ နိမိတ်ကောင်းများနဲ့ ဘုန်းတန်ခိုးကြီးအောင် နဝရတ် လက်စွပ်လေးကိုလည်း အမှတ်တရ အဖြစ် သိင်္ဂီဝင်း စိန်ဆိုင်မှာ သေချာလေး အပ်ပြီး ပေးခဲ့ပြီး ဒီလက်စွပ်ကို order ရက်ချိန်းပြည့်လို့ ယူဖို့ကို ရွှေဘုန်းပွင့်ဘုရားမှာချိန်းပြီး ဘုန်းကံပွင့်အောင် သွားယူလာပေးခဲ့တာဖြစ်တယ်လို့သိရပါတယ် ။
အထဲမှာ လက်ဆောင် ပါတယ် ဆိုပြီး မေတ္တာစေတနာအပြည့်နဲ့ ကျွန်တော့်ကို ပျော်အောင် လာပြီး ချီးမြင့်ပေးတဲ့ ညီမလေး မင်းသမီးချော ပိုးကြာဖြူခင် ရယ် ချစ်သော အန်တီအေးအေးမြင့်ရယ် ၊ ညီလေးဇွဲထက် တို့မိသားစုကို ကျေးဇူးအများကြီးတင်ပါတယ်လို့ စိန်လင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။
Source : Sein Lin Aroma
Emily (Cele Gabar)

R Zarni
ဂီတချစ်တဲ့ပရိသတ်တွေမသိသူမရှိလောက်အောင် အောင်မြင်တဲ့အထဲမှာတော့ R ဇာနည် တစ်ယောက်လည်း အပါအဝင်ပါ။ R ဇာနည်ရဲ့သီချင်းအေးအေးလေးတွေဟာ ထွက်ရှိတဲ့အချိန်ကနေအခုထက်တိုင် ပရိသတ်တွေရင်ထဲမှာ စွဲထင်နေတဲ့သီချင်းကောင်းလေးတွေလည်း များစွာရှိပါတယ်။ R ဇာနည်ကတော့ အောင်မြင်မှုလမ်းကြောင်းမှာလျှောက်လှမ်းရင်းသာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာပါ။
R ဇာနည်ကတော့ သားသမီး(၃)ယောက်ကိုပိုင်ဆိုင်ထားပြီး ချစ်ဇနီးဝမ်းလေးနဲ့အတူ ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပြီး ချစ်ခရီးလမ်းလေးကတော့(၁၇)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအမှတ်တရနေ့လေးမှာတော့ “Happy 17th Anniversary မိန်းမ ရေ ချစ်ခြင်းမေတ္တာတွေအပြည့် နာလည်မှူ့တွေအပြည့် ကိုယ်ချင်းစာနာမှူ့တွေအပြည့် သာယာပျော်ရွှင်မှူ့တွေအပြည့်နဲ့ ဘဝခရီးကို ချစ်တဲ့ သာကြီး သားငယ် သမီးလေး တို့နဲ့ မိသားစုစုံလင် ကျန်းမာစွာနဲ့ရှေ့ဆက်ကြစို့”ဆိုပြီးတော့ မိသားစုပုံလေးနဲ့အတူ ရေးသားဖော်ပြလာတာပါ။
R ဇာနည်တို့စုံတွဲကတော့ အခက်အခဲတွေကြားက အိမ်ထောင်တစ်ခုကိုတည်ဆောက်ခဲ့ပြီး အခုလိုမျိုးသာယာတဲ့မိသားစုဘဝလေးရရှိအောင်အစွမ်းကုန်ကြိုးစားခဲ့တာကြောင့် ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲလေးလည်း ဖြစ်ပါတယ်။ (၁၇) နှစ်ပြည့်မှသည်သက်ဆုံးတိုင်အောင် သာယာပျော်ရွှင်စွာနေထိုင်သွားနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Source : RZarni