သိန်းပေါင်းများစွာပေးပြီး ဝယ်ယူစုဆောင်းထားတဲ့ အဖိုးတန်လက်ဝတ်လက်စားတွေနဲ့ ကျောက်မျက်ရတနာတွေကို ထုတ်ပြလိုက်တဲ့နေခြည်ဦး
mmload.com
|
2020-11-04



Beauty Blogger အဖြစ်ကနေ သရုပ်ဆောင်ဘဝကိုတက်လှမ်းလာခဲ့တဲ့ နေခြည်ဦးကတော့ နာမည်တစ်လုံးနဲ့ ရပ်တည်အောင်မြင်နေပြီပဲ ဖြစ်ပါတယ် ။ နေခြည်ဦးက ယုံကြည်မှုအပြည့်ရှိသူတစ်ဦးဖြစ်ပြီး သူမရဲ့ရည်ရွယ်ချက်ပန်းတိုင်ကိုလည်းရောက်အောင် လျှောက်လှမ်းနိုင်တာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း နေခြည်ဦးက ယောက်ျားလေးပရိသတ်တွေရဲ့အားပေးမှုကိုရော မိန်းကလေးပရိသတ်တွေရဲ့ချစ်ခငိမှူကိုပါ ရရှိထားတာ ဖြစ်ပါတယ် ။

နေခြည်ဦးက လက်ရှိမှာ သူမဝါသနာပါတဲ့အလုပ်နှစ်ခုလုံးကို ဆက်လက်လုပ်ကိုင်နေရင်းနဲ့ပဲ ကြော်ငြာတွေ၊ဇာတ်ကားတွေကို ရိုက်ကူးနေတာ ဖြစ်ပါတယ် ။ တစ်နေ့တခြားဆိုသလို ပိုပိုပြီး လှသထက်လှလာတဲ့ နေခြည်ဦးက ဖက်ရှင်တွေကအစ သူများတွေနဲ့မတူအောင် ဝတ်ဆင်တတ်တာ ဖြစ်ပါတယ် ။ အခုတလောမှာတော့ နေခြည်ဦးက ရတနာပစ္စည်းတွေကို ဝယ်ယူစုဆောင်းဖြစ်နေတာ ဖြစ်ပါတယ် ။

အခုလည်း နေခြည်ဦးက Certificate တွေအကြောင်းပြောရင်း သူမဝယ်ယူထားတဲ့ ရတနာပစ္စည်းတွေကို ထုတ်ပြထားတာ ဖြစ်ပါတယ် ။ နေခြည်ဦးကတော့ သိန်းပေါင်းများစွာတန်တဲ့ အဖိုးတန်ရတနာပစ္စည်းတွေကို မကြာသေးခင်ကမှ ဝယ်ယူထားတာပဲ ဖြစ်ပါတယ် ။ ကဲ သူမပိုင်ဆိုင်တဲ့ တန်ဖိုးကြီးလက်ဝတ်ရတနာတွေကို ပြသလိုက်တဲ့ နေခြည်ဦးရဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။


#နေခြည်
#ရတနာ
#လက်ဝတ်ရတနာ
#ပစ္စည်း
#ပန်းတိုင်

Some text some message..