ကွာရှင်းခဲ့ပြီးချိန်မှစ၍ ပထမအကြိမ်အဖြစ်TV showတွင်ပြန်လည်ပါဝင်မယ့်Ku Hye Sun
weddingguide.com.mm
|
2020-11-05

နိုဝင်ဘာ 1 ရက်တွင် Ku Hye Sun ကသူမရဲ့Instagram တွင် MBCမှထုတ်လွှင့်သည့် The Manager show မှာပါဝင်မည်ဖြစ်ကြောင်းတရားဝင်ကြေငြာခဲ့ပါတယ်။







The Manager showမှာ ရိုက်ခဲ့တဲ့ selcaနှင့် Ku Hye Sunရေးသားခဲ့ တာကတော့ “MBC မှ The Manager show ရဲ့ရိုက်ကူးရေးမှာပါ။တွေ့ရတာဝမ်းသာပါတယ်။ နိုဝင်ဘာ 7 ရက်၊ စနေနေ့ 11:10pm မှာတွေ့ဆုံကြပါစို့”လို့ရေးတင်ခဲ့ပါတယ်။

The Manager showမှလည်း Ku Hye Sun ရဲ့ဧည့်သည်အဖြစ် ပါဝင်လာမည်ကို ကြိုတင်ပြသခဲ့ပါတယ်။ Video clipမှာ မင်းသမီးက အိမ်မှာပန်းချီဆွဲနေတာ ဖြစ်ပြီး သူ့ရဲ့ဝါသနာကို ပြသခဲ့ပါတယ်။

ထို့နောက် Ku Hye Sun ရဲ့အေဂျင်စီ အသစ်မှ မန်နေဂျာနှင့် မိတ်ဆက် ပေးခဲ့ပါတယ်။ သူမရဲ့အေဂျင်စီဟာ မင်းသမီးတစ်ဦး အနေဖြင့် သူမရဲ့ပုံရိပ်ကို စိုးရိမ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမက ရီလျက် “ဒါကတော်တော်လေး ပြိုကွဲပြီးသွားပြီ” လို့ပြန်ဖြေခဲ့ပါတယ်။ “The Manager” show ကိုတေ့ နိုဝင်ဘာ 7 ရက် 11:10pm မှာထုတ်လွှင့်မည်ဖြစ်ပါတယ်။

ဒီ TV program ကတော့ သူမရဲ့ ကွာရှင်းခဲ့ပြီးအချိန်မှစပြီး ပမဆုံးအကြိမ် သူမကို တီဗီဖန်သားပြင် ပေါ်မှာ ပြန်တွေ့ရခြင်းဖြစ်ပါတယ်။


#နိုဝင်ဘာ
#အေဂျင်စီ
#မင်းသမီး
#ဝါသနာ
#မန်နေဂျာ

Some text some message..