
jar yit 2
ပရိသတ်ကြီးရေ အခု(၂၀၂၀) ခုနှစ်ကတော့ ပရိသတ်အချစ်တော်အနုပညာရှင်တွေတော်တော်များများ ကြွေလွှင့်နေတဲ့နှစ်လို့ ဆိုရမှာပါ။ အမျိုးမျိုးသောအကြောင်းတရားတွေနဲ့ ကြေလွှင့်သွားကြတဲ့ အနုပညာရှင်တွေရဲ့သတင်းကို စိတ်မကောင်းစွာ ကြားသိနေရသလို ဇာတ်ပို့ဇာတ်ရံအနုပညာရှင်တစ်ယောက်ဖြစ်သူ ဂျာရစ် ဒီနေ့မနက်မှာပဲ အသည်းရောဂါနဲ့ ဆုံးပါးသွားပြီလို့ သိရပါတယ်။
ဂျာရစ်ကိုတော့ နေထူးနိုင်ရဲ့ဇာတ်ကားတော်တော်များများထဲမှာ ပရိသတ်တွေရင်းနှီးခဲ့ကြမှာဖြစ်သလို ပရိသတ်တွေကတော့ နေထူးနိုင်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်းလည်း ဝမ်းနည်းစွာ မှတ်ချက်ပေးခဲ့ပါတယ်။ ဂျာရစ်ကတော့ လတ်တလော ထုတ်လွှင့်ပြသနေတဲ့ ကမ္ဘောဇဓားသမားဇာတ်လမ်းတွဲမှာလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားသလို မင်းသမီးမှူးသခင်ကတော့ ဇာတ်ကားထဲမှာ သူ့ကို တောင်ရှည်ပုဆိုးဝတ်ဖို့ အမြဲကူညီပေးတတ်တဲ့ စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်တဲ့ ဂျာရစ်အတွက် ဝမ်းနည်းစကားဆိုခဲ့ပြီး ကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။
ဂျာရစ်ကေဝိုင်းလေးနဲ့ ကိုဂျာရစ်ကိုတော့ ပရိသတ်ရင်ထဲ အမြဲရှိနေမှာ ဖြစ်သလို အခုလို စောစောစီးစီး ထွက်ခွာသွားတာကြောင့်လည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်။ အများကို ကူညီတတ်ပြီး စိတ်ထားကောင်းမွန်သူတစ်ယောက်မို့ ကောင်းရာမွန်ရာရောက်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက်ပါတယ် ကိုဂျာရစ်ရေ..
Source- Hmue Thakhin
Rainbow- Cele Gabar

lwin moe 3
ပရိသတ်ကြီးရေ မနက်ဖြန်နိုဝင်ဘာလ(၈) ရက်နေ့ကတော့ နောက်လာမယ့် အစိုးရသက်တမ်း(၅) နှစ်အတွက် အုပ်ချုပ်ပေးမယ့် ပြည်သူ့ခေါင်းဆောင်တွေကို ကိုယ့်ရင်ထဲကဆန္ဒအတိုင်း မဲပေးရွေးချယ်နိုင်မယ့်နေ့လေး ဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်အတွက် အရမ်းအရေးကြီးတဲ့နေ့လေးမို့ မပျက်မကွက် သွားရောက်မဲပေးကြဖို့ အနုပညာရှင်တွေအကုန်လုံးက တိုက်တွန်းနေသလို ကိုယ့်ရဲ့ဆန္ဒမဲ တစ်မဲကလည်း ပယ်မဲ မဖြစ်သွားစေဖို့ စစ်ဆေးသင့်တာတွေကို လွင်မိုးက အခုလို မျှဝေပေးခဲ့ပါတယ်။
ငါတို့ရပ်ကွက်ရဲ့မဲစာရင်း သေချာမှု…အကုန်..ကွက်တိ..မနက်ဖြန်..ဒိုး..ပြီ…ပေးပြီ..အော်..မေ့လို့..ဟိုရောက်ရင်..တံဆိပ်တုံးစစ်ရဦးမယ်… ကြိုးနဲ့ချည်မချည်ကြည့်ရဦးမယ်..နောက်ပြီး..စာအိပ်ပြဲမပြဲ…. UECတံဆိပ်..ပါမပါကြည့်ရဦးမယ်..အားလုံးသေချာအောင်ဂရုစိုက်ပြီး…အပယ်မကျအောင်..အဲ….ယောင်လို့..ပယ်မဲမဖြစ်အောင်ဆောင်ရွက်ကြပါစို့…. ဆိုပြီး ကိုယ့်ရဲ့ဆန္ဒမဲတစ်ပြားက ပယ်မဲမဖြစ်ရလေအောင် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ပရိသတ်ကြီးရေ.. နိုင်ငံရဲ့အနာဂတ်အတွက် မဲထည့်ဖို့ကလည်း အရေးကြီးသလို ကိုဗစ်ကာလ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ လုံခြုံစိတ်ချစွာ မဲပေးကြဖို့ကလည်း အရေးကြီးတာမို့ မနက်ဖြန် မဲရုံကို သွားတဲ့အခါ Mask ၊ ခေါင်းစွပ်၊ Face Shield တွေတပ်ပြီး တစ်ကိုယ်လုံးလုံခြုံစွာ ဝတ်ဆင်သွားဖို့၊ မဲပေးကဒ်၊ မှတ်ပုံတင် နဲ့ မဲပေးရာမှာ လိုက်နာသင့်တဲ့အချက်တွေ၊ မဲပေးတဲ့အချိန် စစ်ဆေးသင့်တာတွေ အကုန်တစ်ခုမှ မလစ်ဟင်းရလေအောင် ဒီနေ့ထဲက ကြိုတင်ပြင်ဆင်ထားကြဖို့ ဆယ်လီကမ္ဘာမှာ တိုက်တွန်းလိုက်ပါတယ်နော်။
Source- Lwin Moe
Rainbow- Cele Gabar