ပိုးကြာဖြူခင်ကို အနောက်ကနေပွေ့ဖက်ပြီး ကိုယ်လုံးလေးကိုမချီကာ တစ်ပတ်လှည့်ပြလိုက်တဲ့ ကျော်ထက်ဇော်ရဲ့ရိုက်ကွင်းဗီဒီယို
mmload.com
|
2020-11-11



မင်းသားချောလေး ကျော်ထက်ဇော်နဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်တို့က MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ စတင်အောင်မြင်လာခဲ့ကြတာ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို အတူလက်တွဲကာ လုပ်ကိုင်ခဲ့ကြပြီး ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ ကျော်ထက်ဇော်တို့က အရမ်းကို ရင်းနှီးကြတာ ဖြစ်ပါတယ် ။ သူတို့နှစ်ယောက်က လုပ်ဖော်ကိုင်ဖက်တွေဆိုတာထက် သူငယ်ချင်းတွေလိုရင်းနှီးနေကြတဲ့ အနုပညာမောင်နှမလည်း ဖြစ်ပါတယ် ။

ကျော်ထက်ဇော်တို့က "မိုးကောင်းကင်အိပ်မက်၊ကြယ်ကလေးကောင်းကင်" ဇာတ်လမ်းတွဲလေးတွေမှာ ပရိသတ်တွေရဲ့အချစ်ကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ် ။ နောက်ပိုင်းမှာလည်း သူတို့နှစ်ယောက်က ရိုက်ကူးရေးတွေများစွာ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ် ။ မနေ့ကလည်း ကျော်ထက်ဇော်နဲ့ ပိုးကြာဖြူခင်တို့က သီချင်းဗီဒီယိုလေလေးတစ်ခုကို ပုံဖော်ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ် ။

"မိန်းကလေးတစ်ယောက်အတွက်" ဆိုတဲ့ Music Video လေးမှာ သူတို့နှစ်ယောက်က ချစ်သူစုံတွဲလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ရိုက်ကွင်းပေါ်မှာ ကျော်ထက်ဇော်က ပိုးကြာဖြူခင်ရဲ့ကိုယ်လုံးလေးကိုမချီပြီး Romantic ဆန်ဆန်လေး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ကဲ ရင်ခုန်စရာကောင်းနေတဲ့ ကျော်ထက်ဇော်နဲ့ပိုးကြာဖြူခင်တို့ရဲ့ ရိုက်ကွင်းကဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

@sengmei ##bestfriends ##mv ##shooting ##lovescene ##romance Spongebob - Dante9k

#ဇာတ်လမ်း
#မိုးကောင်းကင်
#ဗီဒီယို
#ကိုယ်လုံး
#သရုပ်ဆောင်

Some text some message..