
Moeset Wine 123
မိုးစက်ဝိုင်ကိုတော့ မြန်မာ့ကိုယ်စားပြုအလှမယ်တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သတိထားမိခဲ့ကြမှာပါ။ သူဟာ မော်ဒယ်လ်၊မင်းသမီးတစ်ယောက်ဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပရဟိတအလုပ်တွေကိုလည်း စိတ်ပါဝင်စားစွာလုပ်ကိုင်နေသူတစ်ယောက်ပါ။
မိုးစက်ဝိုင်ကတော့ စစ်ဘေးရှောင်စခန်းတွေအတွက် လှူဒါန်းဖြစ်ခဲ့တဲ့အကြောင်းကို “မိုးစက် လွန်ခဲ့တဲ့ရက်က လှူဖြစ်တဲ့ အလှူတစ်ခုပါ။ မသုံးဖြစ်တော့တဲ့ အဝတ်အစားကောင်းတစ်ချို့နဲ့ အသုံးအဆောင်တစ်ချို့ကို ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများအတွက် အကြင်နာစမ်းရေ ပရဟိတအသင်းကတစ်ဆင့် လှူဒါန်းဖြစ်ခဲ့ပါတယ်။ အကယ်လို့ ကိုယ့်မှာ မသုံးဖြစ်တော့တဲ့ အသုံးအဆောင်၊ အဝတ်အထည်တွေရှိရင်လည်း လိုအပ်နေသူတွေအတွက် လှူဒါန်းလို့ရပါတယ်။
အခု မိုးစက်လှူဒါန်းဖြစ်ခဲ့တဲ့ အကြင်နာစမ်းရေပရဟိတအသင်းဆိုရင်လည်း လှူဒါန်းလိုတဲ့ ပစ္စည်းများကို အိမ်ထိလာရောက်ယူဆောင်ပေးပြီး လိုအပ်တဲ့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေကို ပေးပို့လှူဒါန်းပေးသွားမှာပါ။ ဒါကြောင့် ကိုယ့်မှာ ပိုနေရင် လိုအပ်နေသူတွေ ရှိနေပါတယ်ဆိုတဲ့ သတိတရစိတ်လေးနဲ့ လှူဒါန်းလိုသူများအတွက် ဆက်သွယ်လှူလို့ရတဲ့ ပရဟိတ အသင်းရဲ့ ပေ့ပါ ဖော်ပြပေးထားပါတယ် ။ ဒါက အိမ်နေရင်းရတဲ့ ကုသိုလ်လေးတစ်ခုပါ” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြလာပါတယ်။
လက်ရှိအချိန်မှာတော့ ကိုဗစ်ကာလလည်းဖြစ်တာကြောင့် လူတော်တော်များများကတော့ တတ်နိုင်သမျှအလှူပြုနေကြတာပါ။ မိုးစက်ဝိုင်ကလည်း မသုံးဖြစ်တဲ့အဝတ်အစားနဲ့အသုံးအဆောင်တွေကို စစ်ဘေးရှောင်စခန်းတွေအတွက် လှူဒါန်းရင်းကုသိုလ်ယူခဲ့ပြန်ပါတယ်။
Source : MoesetWine

Poe Kyar Phyu Khin 123
ပိုးကြာဖြူခင်ကိုတော့ ဇာတ်လမ်းတွဲချစ်တဲ့သူတွေမသိသူမရှိလောက်ပါဘူးနော်။ ဆိုင်းမိုင်ဆိုတဲ့ချစ်စနိုးနာမည်လေးနဲ့အတူ သရုပ်ဆောင်ပီပြင်ကောင်းမွန်တဲ့မင်းသမီးတစ်လက်ပါ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲကတော့ မနေ့ညကပြီးခဲ့ပြီဖြစ်ပြီး ပရိသတ်တွေလည်း ကြိုက်နှစ်သက်ခဲ့ကြတာပါ။
ဇာတ်လမ်းတွဲပြီးသွားတဲ့နေ့မှာပဲ သူကိုယ်တိုင်သီဆိုထားတဲ့သီချင်းရဲ့ Official Music Video လေးထွက်ရှိလာပါတယ်။ ဆိုင်းမိုင်ကတော့ အဆိုတော်စိန်လင်းနဲ့တွဲပြီးတော့ သီချင်းထွက်ရှိထားတာ ပရိသတ်အားပေးမှုလည်း ရရှိထားပါတယ်။ အခုလည်း အသည်းကွဲသီချင်းလေးကိုပရိသတ်တွေအတွက်ဖန်တီးပေးခဲ့ပြီး အားပေးမှုလည်း ရရှိထားတာပါ။
သီချင်းနာမည်ကတော့ “မိန်းကလေးတစ်ယောက်အတွက်” ဖြစ်ပြီးတော့ မင်းသားချောကျော်ထက်ဇော်ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပရိသတ်တွေနားဆင်နိုင်အောင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်..
Source : PoeKyarPhyuKhin
ပရိသတ်ကြီးရေ အနုပညာရှင်တော်တော်များများကို မွေးထုတ်ပေးနေတဲ့ ဆရာဂျွန်လွင်ကတော့ အောင်မြင်တဲ့ အနုပညာရှင်တွေ အများကြီးရဲ့ ဆရာတစ်ဦးဆိုလည်းမမှားပါဘူး ။ အားလုံး လေးစားချစ်ခင်ရတဲ့ ဆရာဂျွန်လွင်ကို အနုပညာရှင်တော်တော်များများက သီတင်းကျွတ်မှာလာရောက် ဂါရ၀ ပြု ကန်တော့ခဲ့ကြပါတယ် ။
လတ်တလောမှာတော့ ပရိသတ်အချစ်တော် မင်းသားချောလေးနေဒွေးက လည်း ဆရာသမား တစ်ယောက်ဖြစ်တဲ့ ဆရာဂျွန်လွင်ကို သွားရောက်ကန်တော့ခဲ့တယ်လို့သိရပါတယ် ။ နေဒွေးက သူ့ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ဆန်ရောင်းဝယ်ရေး ဖြစ်တဲ့ ကိုယ်ပိုင် brand လင်းရောင်ခြည်မိသားစု organic super ဆန်ကိုလာရောက် ကန်တော့လက်ဆောင်ပေးခဲ့ပဲဖြစ်ပါတယ် ။
ဆရာဂျွန်လွင်ကတော့ အခုလို လာရောက်ကန်တော့တဲ့ သားတပည့်နေဒွေးကို အောင်မြင်သောအနုပညာရှင်တစ်ယောက်ဖြစ်ပြီး အကယ်ဒီများစွာပိုင်ဆိုင်နိင်ပါစေလို့ဆုမွန်ကောင်းတွေ ပေးခဲ့ပါတယ် ။ နေဒွေးကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ဆရာတပည့်နှစ်ယောက်ရဲ့ ဂါရဝပြုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Jhon Lwin
Emily (Cele Gabar)