
may panche 2
ပရိသတ်ရဲ့အချစ်တော်အနုပညာရှင်တွေဖြစ်တဲ့ မေပန်းချီနဲ့ ဘေဘီမောင်တို့ကတော့ အနုပညာလောကကို ဝင်ရောက်လာတဲ့အချိန်လည်း မကွာခဲ့သလို ကိုယ်စီပင်ကိုယ်အရည်အချင်းအပြည့်နဲ့ ပရိသတ်အသိမှတ်ပြုအားပေးခံရဖို့ ကြိုးစားခဲ့ကြသူတွေပါ။ တစ်ယောက်အခက်အခဲနဲ့ ကြုံချိန်တိုင်းမှာ တစ်ယောက်က အားပေးခဲ့ကြပြီး အနုပညာအသိုင်းအဝိုင်းထဲမှာ အနုပညာညီအစ်မတွေအဖြစ်နဲ့သာမက သူငယ်ချင်းကောင်းတွေအဖြစ်နဲ့ပါ စိတ်တူကိုယ်တူ ရှိခဲ့သူတွေလို့ ဆိုရမှာပါ။
ဒီနေ့မှာတော့ နှစ်ယောက်သားတွဲလျက်ပုံလေးတွေနဲ့အတူ မေပန်းချီကတော့ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့တန်ဖိုးကို အဓိပ္ပါယ်ဖွင့်ဆိုပြခဲ့ပါတယ်။ သူငယ်ချင်းဆိုတာ လွယ်လွယ်ဖြစ်လာတဲ့ နာမ်စားတစ်ခုတော့ မဟုတ် အဆင်မပြေမှုတွေ… နားလည်မှု လွဲမှုတွေ…. သဘောထားချင်းမတိုက်ဆိုင်မှုတွေ… စိတ်အဖုအထစ်တွေ အခက်အခဲတွေ ကိုကျော်လွှားပြီးတဲ့အချိန်တစ်ခုရောက်မှ ကျန်ခဲ့တဲ့အရာပါ…. ဒါတွေ ကို ပွင့်လင်းစွာ မညှိနိုင်းနိုင်ရင်တော့ သူငယ်ချင်းကောင်းဆိုတာ မင်းအတွက်ရှားပါးနေအုံးမှာပဲ… အသက်အရွယ်ရလာတာနဲ့အမျှ နားလည်လာတာတစ်ခုက အပေါင်းအသင်းကြား စိတ်အဖုအထစ်တွေကို ပွင့်လင်းစွာ ဖြေလျော့ ဖို့ပါပဲ… သင်မှားလျှင် တောင်းပန်ဖို့ဝန်မလေးဘဲ သူမှားလျှင်လည်း ထောက်ပြဖို့ဝန်မလေးပါနဲ့ တဒင်္ဂအတွေးလေးတစ်ခုနဲ့ အပေါင်းအသင်းကောင်းတွေကို သင် မဆုံးရူံးစေပါနဲ့ ဆိုပြီး ရေးသားမျှဝေလာပါတယ်။
ပရိသတ်ကြီးရေ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ကင်းကွာပြီး တစ်ယောက်တည်းနေထိုင်တဲ့သူဆိုတာ မရှိသလောက်ပါပဲနော်။ ဘဝတစ်လျှောက်လုံးကြုံတွေ့ပတ်သက်လာရသမျှ လူတွေအများကြီးထဲမှာမှ ကိုယ်နဲ့ စိတ်တူကိုယ်တူရှိမယ့် တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းကောင်းတစ်ယောက်လောက်ရှိဖို့ကလည်း ကိုယ့်ရဲ့ ဝမ်းနည်းမှု ပျော်ရွှင်မှုတွေကို မျှဝေဖို့အတွက် တကယ်ကိုအရေးကြီးတဲ့အရာတစ်ခုပါပဲ။ မေပန်းချီကတော့ ဘေဘီမောင်ကို သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ပိုင်ဆိုင်ထားသလို ပရိသတ်ကြီးကိုလည်း သူငယ်ချင်းကောင်းတစ်ယောက် ပိုင်ဆိုင်ရဖို့ မာန်မာနတွေမထားဘဲ ပွင့်လင်းရိုးသားကြဖို့ အကြံပေးခဲ့တာပဲ ဖြစ်ပါတယ်။
Source- May Panche
Rainbow- Cele Gabar

Khin Yupa 123
ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့ မော်ဒယ်လ်၊သရုပ်ဆောင်ခင်ရူပကိုတော့ သိကြမှာပါ။ အနုပညာအလုပ်တွေကြောင့်ပရိသတ်တွေနဲ့ရင်းနှီးမှုရှိသလို တစ်ဖက်မှာလည်း စီးပွားရေးအလုပ်တွေကိုလုပ်ကိုင်ပြီး အောင်မြင်မှုရရှိနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်ချစ်တဲ့ ခင်ရူပကတော့ လက်ထပ်ခဲ့တာ(၇) နှစ်ရှိခဲ့ပြီဖြစ်ပြီး anniversaryနေ့မှာ အမှတ်တရအနေနဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေလာခဲ့ပါတယ်။
ချစ်သက်တမ်း (၇) နှစ်အတွင်းမှာရှိခဲ့တဲ့အမှတ်တရတွေကို “သူနဲ့စတွေ့ထဲက ဘဝတစ်ခုလုံးပါပြောင်းလဲခဲ့တယ်.. စိတ်ရော လူရော အရာရာရောပေါ့ ။ အဖေလို အကိုလို ချစ်သူလို အခုဆိုခင်ပွန်းလိုအထိပေါ့။ မိန်းမချင်းပုတ်ခတ်မနာလိုခံရတဲ့ထိပါ ကျွန်မဘဝကို တန်ဖိုးထားတဲ့သူ.. သူနဲ့တွေ့တာကျွန်မအတွက်တော့ ကောင်းကျိုးတွေများပါတယ်.. ဒါမယ့် ကျွန်မနဲ့တွေ့ရတာတော့ သူနဲနဲ ဝဋ်ကြီးပုံရပါတယ်။ အကုန်သိ အကုန်နားလည်ပြီး ဆိုးချင်လို့ကိုဆိုးနေတဲ့ ကဂျီကဂျောင်လေးကို အရမ်းသည်းခံလို့ကျေးဇူးပါ။ ယူပေးတာလည်း ကျေးဇူးပါ (ပြောနေကြစကားလေး) အပြောင်းအလဲ အတိုက်အခိုက်တွေများလှတဲ့ ကျွန်မပတ်ဝန်းကျင်မှာလည်းနေတတ်အောင်အမြဲလမ်းပြသင်ပေးသူ..
ကျွန်မကို မုန်းကြမှာမလိုလားသူ.. ဒါတောင်ကျွန်မကပွင့်လင်းဟန်မဆောင်တတ်တော့ အမြဲမုန်းခံနေရတာပါဘဲ ။ သူနဲ့စတွေ့တာဒီနေ့ထိဆို ၇ နှစ်တိတိပြည့်တဲ့နေ့ လေးပေါ့။ Happy 7th years anniversary ပါ ယောကျာ်းရေအတိတ်မှာတော့ အရမ်းကြီး စိတ်မချမ်းသာခဲ့ရပေမယ့်…မမြင်ရတဲ့ အနာဂတ်ဆိုတာလည်းတစ်ချိန်ဘာဖြစ်လာမလဲဆိုတာမသိပေမယ့်..အခုလက်ရှိအချိန်မှာသစ္စာရှိပေးနေလို့ကျေးဇူးပါ။ Princess ဆိုတာထက် Queen ဖြစ်ခွင့်ရလို့လည်း ကျေးဇူး” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြလာတာပါ။
ခင်ရူပကတော့ (၇) နှစ်အတွင်းမှာကြုံခဲ့ရတဲ့အခက်အခဲတွေနဲ့အတူ ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်ကြောင်းရေးသားထားပါတယ်။ ပရိသတ်တွေကတော့ သူတို့ရဲ့ကြည်နူးစရာချစ်လမ်းခရီးလေးကို အားကျနေကြတာပါ။ ခင်ရူပတို့ဇနီးမောင်နှံနှစ်ဦးစလုံး သာယာပျော်ရွှင်စွာနဲ့ ချစ်သက်တမ်း(၇) နှစ်ကနေ နှစ်ပေါင်းများစွာအိုမင်းသည့်တိုင်အောင် ပေါင်းဖက်သွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။