ဆွဲဆောင်မှုရှိရှိ ဟန်ပန်အမူအရာလေးနဲ့ အမိုက်စားခန္ဓာကိုယ်လေးရယ် ပိုင်ဆိုင်ထားတဲ့ ခင်ရူပကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာဆိုရင် အနုပညာလောကထဲကို မော်ဒယ်အဖြစ်နဲ့ဝင်ရောက်လာကာ နောက်ပိုင်းမှာတော့ကြော်ငြာတွေနဲ့ ဇာတ်ကား တွေရိုက်ကူးရသည်ထိအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။sexy ကျကျနဲ့ လန်းလွန်းတဲ့သူမရဲ့ အလန်းစားပုံလေးတွေကလည်း ပရိသတ်တွေကြားမှာရေပန်းစားလူကြိုက်များတာတွေ့ရပါတယ်။
ခင်ရူပက ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး မာန်မာနမရှိလို့လည်း ချစ်ခင်သူတွေပေါများပါတယ်။ခင်ရူပရဲ့ ခင်ပွန်းဖြစ်သူကလည်း ဇနီးကို လိုလေသေးမရှိအောင်ထားပေးပြီး အမြဲအလိုလိုက်ပေးတာပါနော်။ခင်ရူပက ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားလို့ အရမ်းကံကောင်းတဲ့မိန်းကလေးဆိုလည်း မမှားပါဘူးနော်။
သူကတော့ အနုပညာအလုပ်တွေ မလုပ်ကိုင်တော့ပေမယ့်လည်း ကိုယ်ပိုင်စီးပွားရေးလေးကို ဦးဆောင်ကာလုပ်ကိုင်နေတာဖြစ်ပါတယ် ။ အခုမှာတော့ မြင်သူတိုင်းအားကျရလောက်အောင် ချစ်ခင်ပွန်းနဲ့အတူအမိုက်စားရိုက်ထားတဲ့ပုံလေးတွေနဲ့အတူ “”ဘုရင်မ ဖြစ်စေခဲ့လို့ ကျေးဇူး” ဆိုပေမယ့်လည်း
“ဘုရင်”ဆိုတာ မရှိရင်”ဘုရင်မ”ဆိုတာဖြစ်မလာနိုင်ဘူးလေနော်…”ဆိုတဲ့စာလေးကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။
Yuan – Cele Zone
photo – Khin Yu Pa