အနုပညာအလုပ်တွေလုပ်ခဲ့စဉ်က ဟိန်းဝေယံနဲ့ရိုက်ခဲ့တဲ့ ရိုက်ကွင်းပေါ်ကပုံလေးတွေကို ဝေမျှလိုက်တဲ့ နဝရတ်
celezone.net
|
2020-11-22



လတ်တလောမှာတော့ အနုပညာအလုပ်တွေရပ်နားထားပြီး မိခင်ကြီးအတွက်ပဲ အချိန်တွေ အပြည့်အဝပေးနေတဲ့ နဝရတ်တစ်ယောက် အနုပညာအလုပ်တွေလုပ်စဉ်က ရိုက်ကူးခဲ့တဲ့ အမှတ်တရပုံလေးတွေကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ ဟိန်းဝေယံနဲ့ စုံတွဲမင်္ဂလာဝတ်စုံလေးတွေရိုက်ကူးခဲ့စဉ်က ပုံလေးဖြစ်ပြီး ဒါလေးတွေကလည်း တကယ်ကို အမှတ်တရပါပဲ။





ဖခင်ကြီးဆုံးပါးပြီးနောက်ပိုင်းမှာတော့ တစ်ယောက်တည်းကျန်ခဲ့တဲ့ မိခင်ကြီးအတွက် အချိန်တွေအားလုံးပုံပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တာမို့ အနုပညာအလုပ်တွေကို ရပ်နားလိုက်တာပဲဖြစ်ပါတယ်။ မိဘအတွက် တတ်နိုင်သလောက်အချိန်လေးမှာ အစွမ်းကုန်ပြုစုချင်တဲ့စိတ်စေတနာလေးဟာ တကယ်ကိုကောင်းလွန်းပါတယ်။





ထမင်းသိပ်မစားချင်တဲ့မိခင်ကြီးအတွက်လည်း မိခင်စားချင်တာတွေတကူးတကမှာပေးပြီး Stay Home (၂) ပတ်အတွက် ရိက္ခာ အလုံအလောက်ဖြည့်ဆည်းပေးခဲ့ပါသေးတယ်။ ဒီလိုသမီးအလိမ္မာလေးကိုရထားတဲ့ မေမေကတော့ တကယ့်ကိုကံကောင်းသူ တစ်ယောက်ပါပဲ။ သူမကိုရုပ်ရှင်ဇာတ်ကားတွေပြန်ရိုက်ဖို့အတွက်လည်း ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။


Happy – Cele Zone
Photo – Nawaratt Ko Ko


#ခင်ကြီး
#နဝရတ်
#အလိမ္မာ
#အမှတ်တရ
#အနုပညာ

Some text some message..