မွေးနေ့ရက်မြတ်လေးမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို လှူဒါန်းမှုပြုခဲ့တဲ့ တိုင်ရွန်
celegabar.com
|
2020-11-27



အမိုက်စားဘော်ဒီနဲ့မော်ဒယ်လ်၊မင်းသားချောတိုင်ရွန်ကိုတော့ ပရိသတ်တွေသိကြမှာပါ။ တိုင်ရွန်ကတော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့သာမက ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ ပါဝင်ရိုက်ကူးလာပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိနေပီဖြစ်ပါတယ်။




ဒီနေ့ကတော့ မင်းသားချောတိုင်ရွန်ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မွေးနေ့ရက်မှာတော့ သူငယ်ချင်းတွေက Birthday Surprise လုပ်ခဲ့ကြပြီး အမှတ်တရဖြစ်ခဲ့ပါတယ်။ ဒီလိုအမှတ်တရနေ့လေးမှာတော့ တိုင်ရွန်ကမွေးနေ့အလှူပြုခဲ့တာဖြစ်ပြီး အဲ့ဒီအကြောင်းကို ” မွေးနေ့အလှူအဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး စက်မှု့သာရေးနာရေးအဖွဲ့အား (စက်အဖွဲ့)အတွက် အလှုငွေလှုဒါန်း ခဲ့ပါသည် ။” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။




တိုင်ရွန်ကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့စက်အဖွဲ့ကို သိန်း(၄၀) တိတိလှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ တိုင်ရွန်တစ်ယောက် မွေးနေ့မှစပြီး ပရိသတ်အချစ်တွေနဲ့အတူ အနုပညာလောကမှာအောင်မြင်မှုများစွာရရှိပိုင်ဆိုင်ကာ ပိုပိုပြီးတော့လှူနိုင်တန်းနိုင်တဲ့သူတစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Source : TyronBejay


#မွေးနေ့
#မော်ဒယ်လ်
#အစည်းအရုံး
#စက်မှု့
#ရုပ်ရှင်

Some text some message..