အွန်လိုင်း ဗီဒီယို Viu မှ တင်ဆက်ထုတ်လွှင့်မည့် ကိုရီးယာဇာတ်လမ်းတွဲသစ်များ
ictdirectory.com.mm
|
2020-11-28

အွန်လိုင်း ဗီဒီယိုဝန်ဆောင်မှု တစ်ခုဖြစ်သည့် Viu သည် လက်ရှိရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း၌

ပြည်တွင်းမှ ရုပ်ရှင်ဝါသနာအိုးများ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားနိုင်မည့် နောက်ဆုံးပေါ် ကြည့်ရှုနှုန်းအများဆုံး ရရှိထားသည့် ကိုရီးယားဇာတ်လမ်းတွဲ Penthouse အပါအဝင် လက်တလော ရေပန်းစားလျက်ရှိသော Tale of the Nine Tailed၊ 18 Again၊ More Than Friends နှင့် Delayed Justice အစရှိသည့် ကိုရီးယားဇာတ်လမ်းတွဲ အသစ်များ တင်ဆက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။



Tale of the Nine Tailed
မျှော်လင့်စောင့်စားမှု အများဆုံးရရှိထားပြီး စိတ်ကူးယဉ်ဆန် ဒဏ္ဍာရီဇာတ်လမ်း တစ်ပုဒ်ဖြစ်သည့် Tale of the Nine Tailed ဇာတ်လမ်းတွဲတွင် လွန်ခဲ့သောအနှစ် (၂၀) မတော်တဆကားတိုက်မှု၌ မိဘနှစ်ပါးစလုံး ပျောက်ဆုံးသွားခဲ့ပြီး ယခုလက်ရှိချိန်တွင် ထူးဆန်းဖွယ်အကြောင်းအရာများကို ရိုက်ကူးထုတ်လုပ်သူတစ်ယောက် ဖြစ်လာသည့် မင်းသမီး Ji Ah နှင့် ၎င်းမတော်တဆ ဖြစ်ပွားစဉ် မင်းသမီးအား ကယ်တင်ခဲ့သော လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေသည့် လူထူးလူဆန်းတို့၏ မထင်မှတ်ဖွယ် အချစ်ကံကြမ္မာ အလှည့်အပြောင်းဇာတ်လမ်းတွဲ ဖြစ်သည်။ ဤဇာတ်လမ်းတွဲတွင် နံမည်ကျော်လူသိများပြီးသား ဖြစ်သည့် မင်းသား Lee Dong Wook နှင့် ချီးမွမ်းဖွယ်ကောင်း သော သရုပ်ဆောင်မှုတွေနှင့် တက်သစ်စမင်းသမီး Jo Bo Ah တို့ပါဝင်ထားပြီး နံမည်ကျော် Boys Over Flowers ဇာတ်လမ်းတွဲ စတားတစ်ယောက်ဖြစ်သော Kim Bum ၏ စစ်မှုထမ်းပြီးနောက် ပထမဆုံး ပြန်လည်ပါဝင်ရိုက်ကူး ထားသည့် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်သည်။

18 Again

အသက် ၁၈ အရွယ်၌ ချစ်ကျွမ်းဝင်၍ လက်တွဲခဲ့ပြီးနောက် ယခုလက်ရှိချိန်၌ အသက် ၃၇ အရွယ် Jung Da Jung နှင့် Hong Dae Young တို့နှစ်ဦး လောကဓံ၏ရိုက်ချက်များကြောင့် ကြုံတွေ့နေရသည့် ဘဝအခက်အခဲများ အကြောင်းရိုက်ကူးတင်ပြ ထားသည့် လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ကတော့ 18 Again ဇာတ်လမ်းတွဲ ပဲဖြစ်ပါသည်။ ဇာတ်လမ်းတွဲ၏ လှည့်ကွက်တစ်ခုဖြစ်သော အသက် ၃၇ အရွယ် Hong Dae Young သည် အကြောင်းကြောင်း ကြောင့် အသက် ၁၈ နှစ်အရွယ်အဖြစ် ပြန်လည်ငယ်ရွယ်သွားပြီးနောက် ပေါ်ပေါက်လာမည့် ဟာသအဖြစ်အပျက်များ လည်း ထည့်သွင်းရိုက်ကူးထားသည့် စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတွဲဖြစ်သည်။

More Than Friends

မတူညီသော လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည့် More Than Friends ဇာတ်လမ်းတွဲတွင် ရုပ်ရည်ချောမောပြီး နံမည်ကျော် ဓါတ်ပုံဆရာဖြစ်သည့် Lee Soo နှင့် Lee Soo ၏ ၁၀ နှစ်ကျော်ကြာ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်သည့် Kyung Woo Yeong တို့နှစ်ဦး၏ သူငယ်ချင်းအချစ်မှ တဖြည်းဖြည်း ပြောင်းလဲလာပုံကို ခံစားကြည့်ရှုနိုင်မည် ဖြစ်သည်။




Delayed Justice

ရင်ထိတ်ဖွယ်ကောင်းပြီး စိတ်ကူးယဉ်ဆန်သော ဇာတ်လမ်းတွဲကြိုက် Viu ချစ်သူများအား ကျေနပ်အားရမှုကို အပြည့်အဝ ပေးနိုင်မည့် နောက်ဆုံးထွက် ဇာတ်လမ်းတွဲများ ဖြစ်ကြသည့် ကိုရီးယားနိုင်ငံ၏ တရားဥပဒေအကြောင်း နှင့် စိတ်အားထက်သန်သော ပြည်သူ့ရှေ့နေတို့ အကြာင်းအား စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးတင်ပြထားသည့် Delayed Justice ဇာတ်လမ်းတွဲအား လည်းကောင်း၊ လူချမ်းသာအသိုင်းအဝိုင်းတွင်း၌ ဖြစ်ပွားနေသည့် အပြိုင်အဆိုင် များအားလုံးကို ပေါ်လွင်အောင် ရိုက်ကူးထားသည့် စိတ်ကူးယဉ်ဆန် ဇာတ်လမ်းတွဲအား မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Viu ချစ်သူများအနေနှင့် ကိုရီးယား၊ အိန္ဒိယ၊ ထိုင်းမှ နောက်ဆုံးထွက် ရုပ်ရှင်ဇာတ်လမ်းတွဲကောင်းများကို ၁၀၀ ရာခိုင်နှုန်းပြည့် မြန်မာစာတန်းထိုးဖြင့် တစ်နေရာတည်းမှာ မလွတ်တမ်းကြည့်ရှုနိုင်ပါသည်။


 




Viu အကြောင်း

Viu သည် ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ စသည့် အာရှနိုင်ငံများနှင့် ဘာရိန်၊ အီဂျစ်၊ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး စသည့်အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများအပါအဝင် ဈေးကွက်ပေါင်း ၁၇ ခုတွင် အသုံးပြုနိုင်သည့် ထိပ်တန်း အွန်လိုင်း ဗီဒီယိုဝန်ဆောင်မှု (OTT) ဖြစ်ပြီး ၎င်းအား မကြာသေးမီကပင် တောင်အာဖရိကတွင် ဝန်ဆောင်မှု စတင်မိတ်ဆက်ခဲ့ပြီး ဖြစ်သည်။

Viu တွင် Ads များပါဝင်သည့် ဗားရှင်းနှင့် features များ စုံစုံလင်လင် ပိုမိုပါဝင်သည့် ပရီမီယမ် ဗားရှင်းဟူ၍ နှစ်မျိုးရှိပြီး ထိပ်တန်းရုပ်ရှင်ထုတ်လုပ်သူများထံမှ အာရှရုပ်ရှင်ဇာတ်ကားများကို မြန်မာစာတန်းထိုးဖြင့် ပြသလျက်ရှိသည်။

အသုံးပြုသူများအနေဖြင့် အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုခြင်း၊ ဒေါင်းလုတ် ရယူခြင်းတို့ကို မည်သည့် စက်ပစ္စည်း၊ ကွန်ယက်နှင့်မဆို အဆင်ပြေလွယ်ကူစွာ ရယူကြည့်ရှုနိုင်ပါသည်။Viu App ကို App Store နှင့် Google Play တို့မှ အခမဲ့ ရယူပြီး ဖုန်း၊ တက်ဘလက်တို့မှ အခမဲ့ ရယူကြည့်ရှုနိုင်သလို www.viu.com ၌လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


#ဇာတ်လမ်း
#နံမည်
#ကိုရီးယား
#အချစ်
#ရုပ်ရှင်

Some text some message..