ပရိသတ်တွေထရီဇာလို့သိကြတဲ့ သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ချစ်သုဝေကတော့ အမြဲလိုလိုတက်တက်ကြွကြွနဲ့ အနုပညာအလုပ်တွေ ပရဟိတအလုပ်တွေကိုကြိုးစားတတ်သူတစ်ယောက်ပါ။ စိတ်ထားကောင်းပြီး အလွန်ကြိုးစားတဲ့ထရီဇာကတော့ ဒီရက်ပိုင်းမှာဆေးရုံတက်ကာ ဆေးကုသမှုခံယူနေရတာလည်း ဖြစ်ပါတယ်။
ထရီဇာကတော့ ခါးအရိုး အက်/ကျိုး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်နေခဲ့ရတာ (၃)ရက်ရှိပြီလည်း ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူအဆိုတော်လင်းလင်းကတော့ ဇနီးဖြစ်သူကို ဂရုစိုက်နေသလို ပရိသတ်တွေသိရအောင်လည်း ဖေ့ဘွတ်ခ်ကနေတစ်ဆင့်ပြောပြလာခဲ့ပါတယ်။ ဇနီးဖြစ်သူဆေးရုံတက်နေရတဲ့အကြောင်းကိုတော့ “ခါးအရိုး အက်/ကျိုး ဒဏ်ရာနဲ့ ကိုယ့်ဆရာမ ဆေးရုံတက်နေရတာ သုံးရက်ရှိ။ ရယ်လိုက်ရင် ဒဏ်ရာက နာတယ်ဆိုတော့ ဟာသလေးတွေပြောရင်း ထမင်းခွံ့ကျွေး :))) Fighting Hon ” ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။
လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံကတော့ အနုပညာအလုပ်တွေကိုလည်းလုပ်ကြသလို ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ထားပြီး ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်လုပ်နေကြသူနှစ်ဦးပါ။ အခုလိုမျိုးဖြစ်သွားတဲ့အတွက် အားလုံးကစိတ်မကောင်းဖြစ်နေကြတာပါ။ အမြန်ဆုံးပြန်လည်ကျန်းမာပြီး တက်တက်ကြွကြွနဲ့အလုပ်တွေပြန်လုပ်နိုင်ပါစေ ထရီဇာရေ…
Source : ChitThuWai