တည်ကြည်ခန့်ညားတဲ့ပုံစံလေးတွေကြောင့် မိန်းကလေးပရိသတ်တွေကြွေနေရသူကတော့ သရုပ်ဆောင် ဟိန်းဝေယံပါ။ သူဟာ ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဆယ်စုနှစ်တွေကျော်အောင်ရိုက်ကူးခဲ့တာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေဆဲပါနော် ။
ဟိန်းဝေယံက ယောက်ျားပီသတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသလို ချိုသာပြေပြစ်တဲ့ စကားပြောဟန်လေးတွေကလည်း ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်တဲ့ ဟိန်းဝေယံက ဇာတ်ကားတွေအပြင် ရုပ်သံဇာတ်လမ်းတွဲလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပါတယ်။
ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ရအောင် လှုပ်ရှားမှုပုံလေးတွေ ဗီဒီယိုလေးတွေကိုလည်းဖော်ပြလေ့ရှိပါတယ် ။ အခုလည်း ချစ်ညီမလေးလုပ်ပေးတဲ့ ဖွယ်ဖွယ်ရာရာ ဟင်းလျာတွေကို ညီမလေးနဲ့အတူ live လွှင့်ကာ အားရပါးရစားပြရင်း ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးစကားတွေများစွာပြောခဲ့တာလည်းဖြစ်ပါတယ် ။ဗီဒီယိုလေးထဲမှာ မောင်နှမနှစ်ယောက်လုံး အရမ်းချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါရစေ ။
Yuan – Cele Zone
photo – Hein Wai Yan