ပရိသတ်အချစ်တော် သရုပ်ဆောင်ကြူကြူသင်းက သူမ နေထိုင်ရာ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက် အနီးက ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်တိုက် တွေက ရဟန်း၊ သံဃာတော် တွေကို မကြာခဏ ကုသိုလ်ပြုလှူဒါန်းမှုများ လုပ်ဆောင်နေသလို လမ်းမှာကြွတဲ့ သီလရှင်တွေ၊ သံဃာတော်တွေ ကိုလည်း အမြဲလှူဒါန်း တာတွေ၊ ကြုံရင်ကြုံသလို ပရဟိတကုသိုလ်ပြုအလှူတွေ လုပ်ဆောင်ရင်း အခုလို COVID ကာလမှာ ရပ်တည်နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
ကြူကြူသင်းကတော့ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့အချိန်မှာ သူမရဲ့ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင်စီးပွားရေးလေးအဖြစ် ကော်ရည်ခေါက်ဆွဲဆိုင်လေး ဖွင့်လှစ်ရောင်းချခဲ့တာကိုတော့ ပရိသတ်တွေလည်းသိမှာပါ ။ ကိုဗစ်မှာသူများရောင်းလို့ လိုက်ရောင်းတာမျိုးမဟုတ်ဘဲ အိမ်စရိတ်လေးကာမိအောင် အရင်ထဲက ရောင်းခဲ့တာဖြစ်ပါတယ် ။ လတ်တလောမှာလည်း သူမရဲ့ပြင်ပ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ဆန်ဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ် ။
တောင်ဥက္ကလာမြို့နယ် ၊ ဇေယျာလမ်း ၊(၁၀)ရပ်ကွက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အနုပညာညီအစ်ကိုမောင်နှမတွေကလည်း သူမရဲ့ ဆိုင်ဖွင့်ပွဲလေးကို တက်ရောက်ခဲ့ကြပါတယ် ။ ကြူကြူသင်းကို ချစ်တဲ့ သူမရဲ့ပရိသတ်ကြီးလည်း အားပေးလို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။
Source : Wah Wah Aung
Emily (Cele Gabar)