မာစတာဘွဲ့ရရှိသွားပြီဖြစ်တဲ့ ထိုင်းမင်းသား Nadech Kugimiya
အသက် ၂၈ နှစ်အရွယ် ထိုင်းမင်းသား Nadech Kugimiya ကတော့ မာစတာဘွဲ့ရရှိသွားပြီဖြစ်ပါတယ်။
မင်းသားဘွဲ့ယူတဲ့ပုံရိပ်တွေကို သူ့ရဲ့ချစ်သူ Yaya နဲ့ မိခင်ဖြစ်သူတို့က အင်စတာဂရမ်မှာအသီးသီး တင်ထားခဲ့ ကြပါတယ်။
Nadech Kugimiya ဟာ Rangist တက္ကသိုလ်ကနေ Communication Arts Master ဘွဲ့ရရှိခဲ့တာ ဖြစ်ပါတယ်။
Yaya က သူမရဲ့အင်စတာဂရမ်မှာ ချစ်သူ Nadech Kugimiya အတွက် ဂုဏ်ယူကြောင်းပို့စ်တင် ခဲ့ပါသေးတယ်။
Nadech Kugimiya ဟာ အနုပညာလှုပ်ရှားမှုအနေနဲ့ မင်းသမီး Baifern Pimchanok နဲ့အတူ သရုပ်ဆောင်ထားတဲ့ “The Con-Heartist” ဆိုတဲ့ ရုပ်ရှင် ဒီဇင်ဘာလ ၃ ရက်နေ့မှာစတင်ကာ ရုံတင်ပြသနေပါ တယ်။
ဒီဇာတ်ကားကတော့ အချစ်ဟာသဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ပထမဆုံးရုံတင်ရက်မှာတင် ရုံတင် ဝင်ငွေအခြေအနေကောင်းနေတယ်လို့လည်း သိရပါတယ်။