ခင်လှိုင်တို့မိသားစုဝင်ဖြစ်ချင်တယ်လို့ပြောသူကို သူမအစားပြန်ဖြေပေးလိုက်တဲ့ ပရိသတ်ရဲ့စကားကြောင့် သဘောကျသွားခဲ့ရတဲ့ သဇင်ထူးမြင့်
mmload.com
|
2020-12-16
ပရိသတ်ကြီးရေ အကယ်ဒမီခင်လှိုင်ကတော့ ဒါရိုက်တာတစ်ယောက်အဖြစ်လည်း ဇာတ်ကားတွေအများအပြားကို ဖန်တီးနေတာဖြစ်ပါတယ်နော်။ခင်လှိုင်က အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုအပေါ်မှာအရမ်းဂရုစိုက်ပြီး သာယာလှပတဲ့မိသားစုလေးဖြစ်အောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ခင်လှိုင်ရဲ့ သားနေရဲ နဲ့ သမီးငယ်လေးသဇင်ထူးမြင့်တို့မောင်နှမနှစ်ယောက်ကလည်း အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေကြပြီး ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်နော်။
သဇင်ထူးမြင့်က မိသားစုထဲမှာ သမီးအငယ်ဆုံးလေးဖြစ်လို့ တစ်အိမ်လုံးကသည်းသည်းလှုပ်ချစ်ကြပြီး ဖေဖေခင်လှိုင်ရဲ့ မင်းသမီးလေးလည်းဖြစ်ပါတယ်နော်။ခင်လှိုင်တို့မိသားစုက အမြဲပျော်ရွှင်စရာတွေကို ဖန်တီးကြပြီး သူတို့ရဲ့မှော်ဘီခြံကိုလည်း မကြာခဏသွားလည်ကြတာဖြစ်ပါတယ်။ခင်လှိုင်တို့မိသားစုလေးက စည်းစည်းလုံးလုံးနေထိုင်ကြပြီး အပြန်အလှန်နားလည်မှုရှိကြလို့ အရမ်းအတုယူဖို့ကောင်းတဲ့စံပြမိသားစုလေးဖြစ်ပါတယ်နော်။ပရိသတ်တွေကလည်း ခင်လှိုင်တို့ရဲ့မိသားစုဘဝလေးကို အားကျပြီး အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။
အခုဆိုရင်လည်း သဇင်ထူးမြင့်တို့မိသားစုကိုချစ်တဲ့ ပရိသတ်တစ်ယောက်က"ညီမလေးတို့မိသားစုကို ကြည့်လိုက်ရင် အပျော်တွေ အလိုလိုကူးစက်သွားတယ် တစ်ခါတလေမိသားစုဝင်တောင်ဖြစ်ချင်တယ် ဖြစ်ခွင့်ရှိမလား"ဆိုတဲ့ စကားလေးကို တခြားပရိသတ်တစ်ယောက်က အခွီပုံစံလေးနဲ့ ထိထိမိမိပြန်ဖြေထားတာဖြစ်ပါတယ်။သဇင်ထူးမြင့်ကလည်း သူမပရိသတ်တွေရဲ့ အပြန်အလှန် အမေးအဖြေတွေကိုကြည့်ပြီး အရမ်းသဘောကျနေလို့ ပြန်လည်မျှဝေလာတာဖြစ်ပါတယ်နော်။
#ခင်လှိုင်
#သဇင်
#မိသားစုလေး
#မိသားစု
#ပရိသတ်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ