“New Normal ROSES"အငြိမ့် ရယ်မောပျော်ရွှင်ဖွယ် ပြက်လုံးများဖြင့် သီးသန့်ဖျော်ဖြေတင်ဆက်မည်
mmtimes.com
|
2020-12-17



ဓာတ်ပုံ - နေတိုး

“New Normal ROSES"အငြိမ့် ရယ်မောပျော်ရွှင်ဖွယ် ပြက်လုံးများဖြင့် သီးသန့်ဖျော်ဖြေတင်ဆက်မည်

နှင်းဆီအငြိမ့်ကို ချစ်ကြသည့် ပရိသတ်များအတွက် “New Normal ROSES" အငြိမ့် ရယ်မောပျော်ရွှင်ဖွယ် ဟာသပြက်လုံးများဖြင့် သီးသန့်ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း နှင်းဆီအငြိမ့် အဖွဲ့ဝင်ဖြစ်သူ အကယ်ဒမီ နေတိုးက ပြောသည်။

“အေးချမ်းတဲ့ ဒီဇင်ဘာလရဲ့ ညတစ်ညမှာ ကျွန်တော်တို့ရဲ့ နှင်းဆီပရိသတ်တွေအတွက် ပျော်စရာ ကောင်းတဲ့ အစီအစဉ်လေးတခု စီစဉ်ထားပါတယ်။ ချစ်ရတဲ့ပရိသတ်တွေလည်း အားလုံးပျော်ရမယ်။ ကျွန်တော် တို့နှင်းဆီတွေလည်း ပျော်နေရမယ့် ပြက်လုံးတွေလည်း အစီအစဉ်လေးပါ ။ အဲ့အစီအစဉ်လေးက ဘာလဲ ဆိုတော့ နှင်းဆီပရိသတ်တွေအတွက် သီးသီးသန့်သန့် နွေးနွေးထွေးထွေး ဆုံတွေ့အားပေးလို့ရမယ့် Private Closed Group လေးတစ်ခုကို ဖန်တီးထားပါတယ်”ဟု ၎င်းက ပြောသည်။

နှင်းဆီအငြိမ့်အဖွဲ့တွင် သရုပ်ဆောင်များဖြစ်သည့် နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေးတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နှင်းဆီဖောင်ဒေးရှင်းတစ်ခုအဖြစ် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဦးဆောင်ထူထောင်ခဲ့ပြီး မြန်မာပြည်တွင် အမှန်တကယ် လိုအပ်နေသည့် နေရာများကို အလှူအတန်းများလည်း နှစ်စဉ်ပြုလုပ်နေခြင်းဖြစ်သည်။

နှင်းဆီကိုချစ်သော ပရိသတ်များအနေဖြင့် Private Closed Group ကို Group Member အဖြစ်ဝင် Facebook account တခုကို ကျပ် ၅၀၀၀ သာပေးရမည်ဖြစ်ကြောင်း သိရသည်။ Private Closed group မှ တဆင့် ဖျော်ဖြေတင်ဆက်မှုများကို အားပေးကြည့်ရှုနိုင်မည်ဖြစ်ပြီး "Stay At Home Entertainment" Facebook Page KBZ PAY, CB PAY, AYA PAY တို့မှ Member Fees ပေးသွင်းထားရမည်ဖြစ်သည်။

“New Normal ROSES" ဖြင့် ပြုလုပ်မည့်ရက်နှင့် အချိန်ကိုလည်း ထပ်မံကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်တို့ နှင်းဆီတွေ ရဲ့ဖျော်ဖြေတင်ဆက်မှုတွေက ဘာတွေဖြစ်မလဲဆိုတာကို သိချင်ရင် တော့ ဒီနှင်းဆီတွေရဲ့ Private Closed Group ထဲကို လာရောက် Join ထားဖို့ ဖိတ်ခေါ်ပါတယ်။ သေချာတာ ကတော့ ကျွန်တော်တို့ နှင်းဆီပရိတ်သတ်တွေ အရမ်းပျော်နေစေမယ်ဗျာ”ဟု နေတိုးကဆက်လက်ရေးသားထားသည်။


#နှင်းဆီ
#အငြိမ့်
#ပြက်လုံး
#နေတိုး
#ပရိသတ်

Some text some message..