ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ ဦးဧရာရဲ့ ကြေကွဲဝမ်းနည်းစရာ နောက်ဆုံးခရီးပုံရိပ်များ
celezone.net
|
2020-12-19



ကိုဗစ်ရောဂါနဲ့ သေဆုံးကြတဲ့ လူတွေထဲမှာ လူရွှင်တော် သရုပ်ဆောင် ဦးဧရာလည်းပါဝင်ခဲ့ပြီဖြစ်ပါတယ် ။ ဦးဧရာကတော့ အရင်ထဲက ရောဂါအခံတွေလည်း ရှိခဲ့ရာ ကိုဗစ်ရောဂါ ထပ်မံကူးစက်ခံရပြီး ဆေးရုံတက်ကုသနေရင်းကနေ ဒီနေ့မနက်အစောပိုင်းမှာပဲ ဘဝတစ်ပါးကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။





ပရိသတ်တွေပါမက အနုပညာရှင်တွေများကပါ မယုံနိုင်လောက်အောင် အတိုင်းမသိ ကြေကွဲဝမ်းနည်းခဲ့ကြရပြီး မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်းကို သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေကနေတစ်ဆင့်ရေးသားခဲ့ကြတာလည်းဖြစ်ပါတယ်။




အခုမှာလည်း ဒိန်းဒေါင်ရဲ့အကောင့်လေးမှာ သူရဲ့နောက်ဆုံးခရီးလေးကို ပို့ဆောင်ပေးခဲ့ကြောင်း ပုံရိပ်လေးတွေနဲ့အတူ “စည်းကမ်းချက်နဲ့အညီဦးဧရာရဲ့နောက်ဆုံးခရီးပို့ဆောင်ပြီးပါပြီခင်ဗျာ” ဆိုတဲ့စာလေးကိုဖော်ပြထားတာတွေ့ရတာဖြစ်ပါတယ်။ ပုံလေးတွေကြည့်ပြီး တကယ်ကို စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ ပရိသတ်ကြီးလည်းဒီရောဂါကပ်ဆိုးကြီးကနေ ကင်းဝေကြပါစေဆုတောင်းပေးရင်း ဦးဧရာရဲ့နောက်ဆုံးခရီးပုံရိပ်လေးတွေကို စိတ်မကောင်းစွာနဲ့ပဲ မျှဝေပေးလိုက်ပါရစေ။




Yuan – Cele Zone

Photo – Dain Daung


#နောက်ဆုံးခရီး
#ပုံရိပ်
#ဒိန်းဒေါင်
#ရောဂါ
#လူရွှင်တော်

Some text some message..