ကွယ်လွန်သွားတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်ဦးဧရာကို လူရွှင်တော်လောကရဲ့ဘုရင်လို့ ဂုဏ်ပြုခဲ့တဲ့ ဒိန်းဒေါင်
celegabar.com
|
2020-12-19



ပရိသတ်အချစ်တော် ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးဧရာက ဒီနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့မှာ ချစ်ရတဲ့ ပရိသတ်တွေနဲ့ မိသားစုကို ခွဲခွာပြီး ကွယ်လွန်သွားခဲ့တဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ ဟာသ လူရွှင်တော် ဒိန်းဒေါင်ကလည်း ကွယ်လွန်သူ ဦးဧရာအတွက် စာလေးတစ်စောင်ရေးသားခဲ့ပါတယ် ။




သို့ ဦးဧရာ ဒီစာကိုမဖတ်နိုင်းမှန်းသိပေမဲ့ကျွန်တော်ရေးလိုက်ပါတယ် လူရွှင်တော်တွေလူတန်းစေ့နေနိုင်အောင် တိုက်နဲ့ကားနဲ့နေနိုင်အောင် လူရွှင်တော်တွေနေရာရအောင် ကိုယ်ကျိုးမဖက်အနစ်နာခံပြီးတိုက်ပွဲဝင်ပေးခဲ့တဲ့အတွက် လူရွှင်တော်တစ်ချို့ကိုယ်စားကျေးဇူးအထူးတင်ပါတယ် လူရွှင်တော်တစ်ချို့လို့သုံးလိုက်လို့ ဦးဧရာတမျိုးမထင်ပါနဲ့နော် တစ်ချို့ကတစ်ချို့မို့လို့ပါ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်အပါအဝင် လူရွှင်တော်တစ်ချို့ကတော့ဦးဧရာကို လူရွှင်တော်လောကရဲ့ဘုရင်အဖြစ်ဂုဏ်ပြုသတ်မှတ်လိုက်ပါတယ် ဆိုတဲ့ စာသားလေးနဲ့အတူ ဦးဧရာရဲ့ အနုပညာကို ဂုဏ်ပြုရေးသားခဲ့တာဖြစ်ပါတယ် ။





လူရွှင်တော်အသင်းတည်တံ့သ၍ ဦးဧရာနာမည်ကိုမမေ့ချင်တဲ့အတွက် ဒိန်းဒေါင်က သေတမ်းစာမဖတ်ခဲ့ဘူးလို့လည်း ရေးသားထားပါသေးတယ် ။ ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးဧရာတစ်ယောက် ကောင်းရာမွန်ရာမှာ အေးချမ်းစွာအနားယူနိုင်ပါစေလို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။


Source : Dain Daung
Emily (Cele Gabar)


#လူရွှင်တော်
#ဒိန်းဒေါင်
#ဟာသ
#သေတမ်းစာ
#ကွယ်လွန်သူ

Some text some message..