Merry Christmas
sayar.com.mm
|
2020-12-22

Merry Christmas

နှစ်စဉ် ဒီဇင်ဘာလ (25) ရက်နေ့တွင် ကမ္ဘာအနှံ့အပြား၌ ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ်ထား ကျင်းပသော ပွဲတော်မှာ နာတာလူးပွဲတော် (သို့မဟုတ်) ခရစ္စမတ်ပွဲတော် ဖြစ်ပါသည်။
နာတာလူးဆိုသည်မှာ မွေးဖွားခြင်းဟု အဓိပ္ပာယ်ရပါသည်။ ခရစ္စမတ်ဟူသည့် ဝေါဟာရတွင် (Christ + Mas) ဟူ ၍အဓိပ္ပာယ်နှစ်မျိုးပါဝင်သည်ကိုတွေ့ရှိနိုင်သည်။

Christ ဆိုသည်မှာ ယေရှုအဖဘုရားသခင်၏ အမည်နာမတော်ဖြစ်ပြီး Mas ဆိုသည်မှာ ပွဲတော်ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် ခရစ္စမတ်ဟူသည် အဖဘုရားသခင်ယေရှုအားမွေးဖွားခြင်းဟူ၍ဖြစ်သည်။ အဖဘုရားသခင်သည် မိမိဖန်ဆင်းထားသည့်လူသားများ အပြစ်သံသရာတွင် နစ်မြောနေသည်ကို မကြည့်ရက်သောကြောင့် တစ်ဦးတည်းသောသားတော်ယေရှုကို လူ့ဇာတိ ခံယူစေခဲ့ပါတယ်။

လူ့ဇာတိအဖြစ်နဲ့ ခံယူစေခဲ့သည့် ရည်ရွယ်ချက်မှာ
(၁) ခရစ္စမတ်အားဖြင့် လူသားအားလုံးကို ဝမ်းမြောက်စေရန်
(၂) လူသားအားလုံး ကယ်တင်ခြင်းရရှိစေရန်
(၃) ဘုရားနှင့်လူသားများအကြား ပျောက်ဆုံးသွားသော မိသဟာရ/သင့်မြတ်မှုပြန်လည်ရရှိရန်ဖြစ်ပါတယ်။

ယေရှုသခင်သည် လူ့ဇာတိခံယူခဲ့ပြီး လူသားများကျူးလွန်ခဲ့သည့်အပြစ်များကို သူ၏အသက်တာ စတေးခြင်းအားဖြင့်အပြစ်များကို ဆေးကြောခဲ့သည့်အတွက် လူသားများသည် သူတို့ကျူးလွန်ခဲ့သည့်အပြစ်မှ ကင်းလွတ်ခွင့်ရရှိခဲ့ကြသည်။
ထို့အတူ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုလည်း ရရှိခဲ့ပါသည်။ခရစ္စမတ်ပွဲတော်ကာလတွင် ရိုးရာအပြင်အဆင်အနေဖြင့် အနီ၊ အစိမ်းနှင့် ရွှေရောင်တို့ကို အဓိကထား အသုံးပြုကြသည်။

အနီရောင်သည် ယေရှု၏သွေးတော်ကို ကိုယ်စားပြု၏။ အစိမ်းရောင်သည် ယေရှုခရစ်တော်၏ ထာဝရရှင်သန်ခြင်းကို ကိုယ်စားပြု၏။ ရွှေရောင်သည် တော်ဝင်မြင့်မြတ်ခြင်းကို ကိုယ်စားပြုပါသည်။
ခရစ္စတော်၏မွေးနေ့ကို ဂုဏ်ပြုခြင်းအားဖြင့် ပွဲတော်နေ့တွင် ပျော်ပွဲရွှင်ပွဲများ၊ စားသောက်ပွဲများကို တခမ်းတနား ကျင်းပလေ့ရှိကြသည်။
ကျေးဇူးတော်ကိုချီးမြှောက်သည့်ခရစ္စမတ်သီချင်းများကို ပျော်ပျော်ရွှင်ရွှင်သီဆိုကာ လက်ဆောင်များ ပေးအပ်ခြင်းအားဖြင့် ပျော်ရွှင်စွာ ကျင်းပကြပါသည်။

ကလေးသူငယ်များက ပွဲတော်အခါ၌ စန်တာကလော့သည် လက်ဆောင်ပစ္စည်းများ လာရောက်ပေးလေ့ရှိသည် ယုံကြည်ကြသည်။
ခရစ္စမတ်ပွဲတော်သည် ပျော်ရွှင်စရာကောင်းသည့်ကာလ၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ ပြန်လည်ဆုံတွေ့ပြီး နွေးထွေးသောမေတ္တာများဖြင့် ပြန်လည်ရင်းနှီးကျွမ်းဝင်သည့်ကာလဟုလည်းဆိုနိုင်ပါသည်။

ခရစ်စမတ်သစ်ပင် က ဘာကို ရည်ညွှန်းသလဲ။
ခရစ်စမတ်သစ်ပင်သည် တြိဂံအသွင် အခြေကြီးမားကာ အပေါ်သို့ ကျဉ်းမြောင်းသွားသော အဖျားချွန်သစ်ပင်ဖြစ်သည့်အပြင် ထိပ်ဆုံးတွင် ကြယ်တစ်စင်းပုံရှိရသည်။ ထိုကြယ် သည် ဗက်လင်ကယ် ကို ဖော်ဆောင်ကာ ခရဏ်တော် မွေးဖွားရာ ဗက်လင်မြို့ကို ညွှန်ပြသော နိမိတ်လက္ခဏာဖြစ်သည်။

ခရစ်စမတ် ရဲ့ အဓိကဇာတ်ကောင် စန်တာကလော့စ်
စန်တာကလော့စ် ဆိုတဲ့ နာမည် က သူတော်စင် စိန့်နိကောလပ်စ် ( St. Nickolas ) မှ ဆင်းသက်လာပြီး စိန်နိကောလပ်စ် မှ Sinter Klaus ၊ Sinter Klaus မှ Santa Claus ဖြစ်လာသည်။ နယူးယောက်တွင်နှစ်ပေါင်းများစွာ အခြေချခဲ့ကြသော ဒတ်ခ်ျလူမျိုးတို့က စတင်ခေါ်ဝေါ်ခြင်းဖြစ်သည်ဟုသိရသည်။ ဒတ်ခ်ျတို့၏သူတော်စင်ပွဲတော်မှာ ခရစ်စမတ်ချိန်ခါနှင့် တစ်လတည်းဖြစ်၍ သူတော်စင်အဘိုးအိုက လက်ဆောင်ပစ္စည်းများ သယ်ဆောင်လာသည်ဟု ယူဆကာ ခရစ်စမတ်ချိန်ခါတွင် ပုပုဝဝ ၊ မုတ်ဆိတ်ဖြူဖြူ ၊ သိုးမွှေးဝတ်စုံ အနီရဲရဲ ဆင်မြန်းထားသည့် ခရစ်စမတ်ဘိုးဘိုး ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

လူတိုင်းလူတိုင်းအပေါ် ချစ်ခြင်းမေတ္တာများဖြန့်ကျက်ပြီး ပျော်ရွှင်ကြည်နူးစရာကောင်းသည့် နှစ်သစ်ကူး ကာလကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေဟု ဆန္ဒမွန်ပြုအပ်ပါတယ်။

Merry Christmas to you ALL !!!
အယောက်စီတိုင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ......

Merry Christmas

နှစ်စဉ် ဒီဇင်ဘာလ (25) ရက်နေ့တွင် ကမ္ဘာအနှံ့အပြား၌ ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ်ထား ကျင်းပသော ပွဲတော်မှာ နာတာလူးပွဲတော် (သို့မဟုတ်) ခရစ္စမတ်ပွဲတော် ဖြစ်ပါသည်။
နာတာလူးဆိုသည်မှာ မွေးဖွားခြင်းဟု အဓိပ္ပာယ်ရပါသည်။ ခရစ္စမတ်ဟူသည့် ဝေါဟာရတွင် (Christ + Mas) ဟူ ၍အဓိပ္ပာယ်နှစ်မျိုးပါဝင်သည်ကိုတွေ့ရှိနိုင်သည်။

Christ ဆိုသည်မှာ ယေရှုအဖဘုရားသခင်၏ အမည်နာမတော်ဖြစ်ပြီး Mas ဆိုသည်မှာ ပွဲတော်ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် ခရစ္စမတ်ဟူသည် အဖဘုရားသခင်ယေရှုအားမွေးဖွားခြင်းဟူ၍ဖြစ်သည်။ အဖဘုရားသခင်သည် မိမိဖန်ဆင်းထားသည့်လူသားများ အပြစ်သံသရာတွင် နစ်မြောနေသည်ကို မကြည့်ရက်သောကြောင့် တစ်ဦးတည်းသောသားတော်ယေရှုကို လူ့ဇာတိ ခံယူစေခဲ့ပါတယ်။

လူ့ဇာတိအဖြစ်နဲ့ ခံယူစေခဲ့သည့် ရည်ရွယ်ချက်မှာ
(၁) ခရစ္စမတ်အားဖြင့် လူသားအားလုံးကို ဝမ်းမြောက်စေရန်
(၂) လူသားအားလုံး ကယ်တင်ခြင်းရရှိစေရန်
(၃) ဘုရားနှင့်လူသားများအကြား ပျောက်ဆုံးသွားသော မိသဟာရ/သင့်မြတ်မှုပြန်လည်ရရှိရန်ဖြစ်ပါတယ်။

ယေရှုသခင်သည် လူ့ဇာတိခံယူခဲ့ပြီး လူသားများကျူးလွန်ခဲ့သည့်အပြစ်များကို သူ၏အသက်တာ စတေးခြင်းအားဖြင့်အပြစ်များကို ဆေးကြောခဲ့သည့်အတွက် လူသားများသည် သူတို့ကျူးလွန်ခဲ့သည့်အပြစ်မှ ကင်းလွတ်ခွင့်ရရှိခဲ့ကြသည်။
ထို့အတူ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုလည်း ရရှိခဲ့ပါသည်။ခရစ္စမတ်ပွဲတော်ကာလတွင် ရိုးရာအပြင်အဆင်အနေဖြင့် အနီ၊ အစိမ်းနှင့် ရွှေရောင်တို့ကို အဓိကထား အသုံးပြုကြသည်။

အနီရောင်သည် ယေရှု၏သွေးတော်ကို ကိုယ်စားပြု၏။ အစိမ်းရောင်သည် ယေရှုခရစ်တော်၏ ထာဝရရှင်သန်ခြင်းကို ကိုယ်စားပြု၏။ ရွှေရောင်သည် တော်ဝင်မြင့်မြတ်ခြင်းကို ကိုယ်စားပြုပါသည်။ခရစ္စတော်၏မွေးနေ့ကို ဂုဏ်ပြုခြင်းအားဖြင့် ပွဲတော်နေ့တွင် ပျော်ပွဲရွှင်ပွဲများ၊ စားသောက်ပွဲများကို တခမ်းတနား ကျင်းပလေ့ရှိကြသည်။ကျေးဇူးတော်ကိုချီးမြှောက်သည့်ခရစ္စမတ်သီချင်းများကို ပျော်ပျော်ရွှင်ရွှင်သီဆိုကာ လက်ဆောင်များ ပေးအပ်ခြင်းအားဖြင့် ပျော်ရွှင်စွာ ကျင်းပကြပါသည်။

ကလေးသူငယ်များက ပွဲတော်အခါ၌ စန်တာကလော့သည် လက်ဆောင်ပစ္စည်းများ လာရောက်ပေးလေ့ရှိသည် ယုံကြည်ကြသည်။
ခရစ္စမတ်ပွဲတော်သည် ပျော်ရွှင်စရာကောင်းသည့်ကာလ၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ ပြန်လည်ဆုံတွေ့ပြီး နွေးထွေးသောမေတ္တာများဖြင့် ပြန်လည်ရင်းနှီးကျွမ်းဝင်သည့်ကာလဟုလည်းဆိုနိုင်ပါသည်။

ခရစ်စမတ်သစ်ပင် က ဘာကို ရည်ညွှန်းသလဲ။
ခရစ်စမတ်သစ်ပင်သည် တြိဂံအသွင် အခြေကြီးမားကာ အပေါ်သို့ ကျဉ်းမြောင်းသွားသော အဖျားချွန်သစ်ပင်ဖြစ်သည့်အပြင် ထိပ်ဆုံးတွင် ကြယ်တစ်စင်းပုံရှိရသည်။ ထိုကြယ် သည် ဗက်လင်ကယ် ကို ဖော်ဆောင်ကာ ခရဏ်တော် မွေးဖွားရာ ဗက်လင်မြို့ကို ညွှန်ပြသော နိမိတ်လက္ခဏာဖြစ်သည်။

ခရစ်စမတ် ရဲ့ အဓိကဇာတ်ကောင် စန်တာကလော့စ်
စန်တာကလော့စ် ဆိုတဲ့ နာမည် က သူတော်စင် စိန့်နိကောလပ်စ် ( St. Nickolas ) မှ ဆင်းသက်လာပြီး စိန်နိကောလပ်စ် မှ Sinter Klaus ၊ Sinter Klaus မှ Santa Claus ဖြစ်လာသည်။ နယူးယောက်တွင်နှစ်ပေါင်းများစွာ အခြေချခဲ့ကြသော ဒတ်ခ်ျလူမျိုးတို့က စတင်ခေါ်ဝေါ်ခြင်းဖြစ်သည်ဟုသိရသည်။ ဒတ်ခ်ျတို့၏သူတော်စင်ပွဲတော်မှာ ခရစ်စမတ်ချိန်ခါနှင့် တစ်လတည်းဖြစ်၍ သူတော်စင်အဘိုးအိုက လက်ဆောင်ပစ္စည်းများ သယ်ဆောင်လာသည်ဟု ယူဆကာ ခရစ်စမတ်ချိန်ခါတွင် ပုပုဝဝ ၊ မုတ်ဆိတ်ဖြူဖြူ ၊ သိုးမွှေးဝတ်စုံ အနီရဲရဲ ဆင်မြန်းထားသည့် ခရစ်စမတ်ဘိုးဘိုး ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

လူတိုင်းလူတိုင်းအပေါ် ချစ်ခြင်းမေတ္တာများဖြန့်ကျက်ပြီး ပျော်ရွှင်ကြည်နူးစရာကောင်းသည့် နှစ်သစ်ကူး ကာလကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေဟု ဆန္ဒမွန်ပြုအပ်ပါတယ်။

Merry Christmas to you ALL !!!
အယောက်စီတိုင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ......

#ခရစ်
#ယေရှု
#ခရစ္စမတ်
#လူသား
#ပွဲတော်

Some text some message..