Live လွှင့်ပြီးသီချင်းတွေဆိုပြရင်း အသံကောင်းတဲ့ချစ်သူလေးနဲ့ပါ စုံတွဲသီချင်းလေးတစ်ပုဒ်ကိုဖျော်ဖြေပြခဲ့တဲ့ စွမ်းဇာနည်ရဲ့ဗီဒီယို
mmload.com
|
2020-12-23



ပရိသတ်အချစ်တော် မင်းသားချောလေး စွမ်းဇာနည်ကတော့ အနုပညာအလုပ်တွေနဲ့ အချိန်အနည်းငယ်ကြာအောင် ဝေးကွာခဲ့ပြီးနောက်မှာ အားလုံးရဲ့အရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ မကြာသေးခင်ကလည်း စွမ်းဇာနည်က သူ့ရဲ့ပထမဆုံး Live Sale ကို အဆိုတော်ဖြိုးမြတ်အောင်နဲ့အတူ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စွမ်းဇာနည်က ဖျော်ဖြေပွဲတွေပြန်လည်ပြုလုပ်တော့မှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေကို စတင်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။





စွမ်းဇာနည်က သူ့ရဲ့ "စွမ်း" ဇာတ်သဘင်ကို ပြန်လည်အသက်သွင်းနေတာဖြစ်ပြီး ပရိသတ်တွေကို တင်ဆက်မှုအသစ်တွေနဲ့ ဖျော်ဖြေနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတာ ဖြစ်ပါတယ် ။ ဒီရက်ပိုင်းမှာဆိုရင် စွမ်းဇာနည်က မကြာခဏဆိုသလို ဇာတ်ရုံသွားပြီး လေ့ကျင့်မှုပြုလုပ်နေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း စွမ်းဇာနည်က "ကိုယ်ပိုင်သီချင်းလေးတွေ နားထောင်စေချင်လို့ပါ" ဆိုပြီး ပရိသတ်တွေအတွက် Live လွှင့်ကာ သီချင်းတွေဆိုပြခဲ့တာပဲ ဖြစ်ပါတယ် ။





စွမ်းဇာနည်က သူ့ရဲ့ကိုယ်ပိုင်သီချင်းလေးတွေကို တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုသလို သီဆိုပြရင်း မမောနိုင်မပန်းနိုင်အောင် ဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ် ။ နောက်ဆုံးမှာတော့ စွမ်းဇာနည်က အသံကောင်းတဲ့သူ့ရဲ့ချစ်သူလေးနဲ့အတူ စုံတွဲတေးသီချင်းလေးတစ်ပုဒ်ကိုလည်း သီဆိုပြခဲ့သေးတာ ဖြစ်ပါတယ် ။ ကဲ အဆို၊အကကောင်းပြီး အရမ်းတော်တဲ့ ဇာတ်မင်းသားချောလေး စွမ်းဇာနည်ရဲ့Live ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။




#ဇာနည်
#သီချင်း
#ဇာတ်မင်းသား
#ပရိသတ်
#ကိုယ်ပိုင်

Some text some message..