ဂိမ်းဆော့တာသူ့ထက်ပိုပြီးကျွမ်းကျင်တဲ့ မိခင်ဖြစ်သူကို ဘယ်လိုမှမနိုင်ဘဲ အရှုံးပေးလိုက်ရတဲ့ နီလန်းတို့သားအမိရဲ့ အခွီဗီဒီယိုလေး
mmload.com
|
2020-12-23



ပရိသတ်ကြီးရေ.. ဂီတလောကမှာ ဆွဲဆောင်မှုရှိတဲ့အသံချိုချိုအေးအေးလေးကို ပိုင်ဆိုင်ထားပြီး သီချင်းကောင်းလေးတွေကို သီဆိုဖျော်ဖြေတတ်တဲ့ ပြည်သူ့အသည်းကျော်အဆိုတော်မလေး နီလန်းကိုလည်း ပရိသတ်တွေချစ်ခင်အားပေးကြမှာပါနော်..။

ချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ နီလန်းကိုတော့ Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေစတင်သိရှိခဲ့ကြတာဖြစ်ပြီး အခုဆိုရင် သီချင်းလေးတွေလည်းထွက်ရှိထားကာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်မလေးအဖြစ် ရပ်တည်လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်နော်..။





အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကာ သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း အမြဲမျှဝေလေ့ရှိတဲ့ နီလန်းတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းက အားကစားလုပ်ရင်းမျက်လုံးထိခိုက်မိတဲ့အကြောင်းလေးကိုလည်း ပြောပြထားသလို အခုတစ်ခါမှာလည်း သူမရဲ့မိခင်နဲ့အတူ ဆော့ကစားထားတဲ့ ဂိမ်းဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှလာပါတယ်နော်..။

မရယ်ကြေး ဂိမ်းဆော့ကစားခဲ့ကြတာဖြစ်ပြီး ဂိမ်းဆော့တာသူ့ထက် ပိုပြီးကျွမ်းကျင်တဲ့ မိခင်ဖြစ်သူကို ဘယ်လိုမှမနိုင်ဘဲ အရှုံးပေးလိုက်ရတဲ့ နီလန်းတို့သားအမိရဲ့ အခွီဗီဒီယိုလေးကတော့ တကယ်ကို ချစ်စရာလည်းကောင်းသလို ပျော်စရာလည်းကောင်းပါတယ်နော်..။





"ဘယ်သူပိုကျွမ်းလဲ ကြည့်ကြည့်လိုက် ...😂

အမြဲ အခေါက်ခံရတဲ့သူက ဘယ်သူလဲ?.." ဆိုပြီး သားအမိနှစ်ယောက်အတူ ဂိမ်းလေးဆော့ကစားထားတဲ့ ပျော်စရာဗီဒီယိုဖိုင်လေးကို နီလန်းက ဝေမျှထားတာပဲ ဖြစ်ပါတယ်..။

တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခွီနေကြတဲ့ သူမတိူ့သားအမိနှစ်ယောက်ရဲ့ ဂိမ်းဗီဒီယိုဖိုင်လေးကတော့ တကယ်ကို အခွီလေးတွေနဲ့ ကြည့်မိသူတိုင်းကို အပျော်လေးတွေကူးစက်စေမှာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။




#ဂိမ်း
#သားအမိ
#ဗီဒီယို
#ချစ်စရာ
#ပရိသတ်

Some text some message..