ချစ်သူသက်တမ်း ၃ နှစ်ကျော်ရှိခဲ့တဲ့ အဆိုတော် ဂေးဂေး နှင့် အလှမယ် ဆွေဇင်ထက်
mmtimes.com
|
2020-12-25



ဓာတ်ပုံ - ဂေးဂေး

ချစ်သူသက်တမ်း ၃ နှစ်ကျော်ရှိခဲ့တဲ့ အဆိုတော် ဂေးဂေး နှင့် အလှမယ် ဆွေဇင်ထက်

အဆိုတော် ဂေးဂေး နှင့် အလှမယ် ဆွေဇင်ထက် တို့သည် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် ချစ်သူသက် တမ်း ၃ နှစ်ကျော်ရှိခဲ့ပြီး ဖြစ်ကြောင်း အဆိုတော်ဂေးဂေးက ပြောသည်။

“ဂေးတို့က ချစ်သူဖြစ်ကြောင်း တရားဝင်ချပြပေမယ့် ပရိသတ်ကို လက်ခံပေးလို့လည်း ပျော်ပါတယ်။ ဂေးတို့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် ချစ်သူသက် တမ်း ၃ နှစ်ကျော်ရှိနေပါပြီ။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက်အကြိုက်က လုံးဝမတူဘူး။ သူကချဉ်ချဉ်စပ်စပ်တွေကြိုက်တယ် ဂေးက အစပ်မစားနိုင်ဘူး ။ အချို အဆိမ့်တွေ ကြိုက်တယ် ဂေးက အေးအေးဆေးဆေးနေရတာ ကြိုက်တယ် ။ သူကဆူဆူညံညံတွေ ကြိုက်တယ် ။ ကလပ်သွားရတာမျိုးကို ကြိုက်တယ် မတူဆို ဘာတစ်ခုမှကို မတူတာပါ ” ဟု ၎င်းကပြောသည်။

ယင်းတို့ နှစ်ဦးအနေဖြင့် မိန်းကလေးချင်း ချစ်သူအဖြစ် လက်တွဲနေသည်မှာ ၃ နှစ် ရှိသွားပြီဖြစ်ပြီး ၎င်းတို့သည် ကိုးကွယ်သည့် ဘာသာမတူညီကြဘဲ Relationship တစ်ခုကို နားလည်မှုဖြင့် တည် ဆောက်ထားကြောင်း သိရသည်။

အလှမယ် ဆွေဇင်ထက်က ၎င်းနှစ်ယောက်၏ Relationship ပတ်သက်ပြီး “ဂေးက အစ်မကြီးက အမိအရာလိုပါပဲ။ တစ်ခါတလေကျရင် ကိုယ်ကမကြိုက်ဘူး ။ ဆရာကြီး လုပ်တာတို့ ဘာတို့ဆိုရင် ကိုယ့်ကို နည်းနည်းပါးပါးရစ်ရင် မကြိုက်ဘူး။ ကိုယ်ကလည်း သူရစ်ရင် ပြန်ရစ်လိုက်ရမှ နှစ်ဆ သုံးဆ ကိုယ်ကပြန်ရစ်တယ်ပြီးရင် မပတ်သတ်နဲ့တော့သွားဆိုပြီး ကိုယ်ကမကြိုက်တဲ့ လူဆိုတော့လေ အဲ့လိုဆို သူကြိုက်သလောက်ပြော လုံးဝမလုပ်ဘူး။ ပြန်မပြော နားမထောင်ပေါ့။ သူက ဒါလုပ်ဆို လုံးဝမလုပ်ဘူး မလုပ်နဲ့ ဆိုတာကို ရအောင်လုပ်တာရှိ တယ် ” ဟု ပြောသည်။

Miss Universe Myanmar 2019 ဆုရှင် အလှမယ် ဆွေဇင်ထက်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အ တွင်းက အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့တွင် ၆၉ကြိမ်မြောက် Miss Universe 2019 အ လှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ အဆို တော် ဂေဂေး အနေဖြင့် “မောင့်နောက်လိုက်ခဲ့မယ်”တေးသီချင်းမှတစ်ဆင့် ပရိသတ်လက်ခံ အားပေးမှုရရှိထားသူတစ်ဦးလည်း ဖြစ်သည်။


#အလှမယ်
#အဆိုတော်
#ချစ်သူ
#သက်တမ်း
#အဆိမ့်

Some text some message..