မော်ဒယ်လ်၊မင်းသမီးချောလေးခင်ဝင့်ဝါကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိပိုင်ဆိုင်ထားသလို အနုပညာလောကမှာလည်း အောင်မြင်မှုရရှိထားသူပါ။ ခင်ဝင့်ဝါကတော့ ချစ်စရာကောင်းပြီးလှပလွန်းတာကြောင့် အသက်တွေကြီးလာပေမယ့် ကလေးတစ်ယောက်လိုအပြစ်ကင်းစင်ပြီးချစ်စရာကောင်းသူလေးတစ်ယောက်ပါ။
ခင်ဝင့်ဝါကတော့ အနုပညာလောကမှာအထိုက်အလျောက်အောင်မြင်နေသလို အလှူအတန်းတွေ ပရဟတိတတွေလည်း ပြုလုပ်လေ့ရှိသူတစ်ယောက်ပါ။ အခုလည်း ပြိုကျတော့မယ့်အိမ်လေးမှာတစ်ကိုယ်တည်းနေထိုင်တဲ့အဘွားကို အိမ်လေးပြန်လည်ဆောက်လုပ်လှူဒါန်းပေးမဲ့တာဖြစ်ပါတယ်။ မလုံမခြုံတဲ့အိမ်လေးကအခုဆိုရင်တော့ နွေးထွေးလုံခြုံတဲ့အိမ်လေးတစ်လုံးဖြစ်ခဲ့ပါတယ်။
တစ်ကိုယ်တည်းနေပြီးကျောထောက်နောက်ခံမရှိတဲ့အဘွားကို ကူညီပေးခဲ့တဲ့ခင်ဝင့်ဝါရဲ့စိတ်ဓာတ်ကတော့လေးစားစရာပါပဲ။ ခင်ဝင့်ဝါတစ်ယောက် အနုပညာလောကမှာအခုထက်ပိုအောင်မြင်ကျော်ကြားပြီး အခုထက်ပိပြီးတော့လှူနိုင်တန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Source : KhinWintWah,သုဝဏ္ဏသာမ ဆင်းရဲနွမ်းပါးအဖိုးအဖွား ကူညီစောင့်ရှောက်ရေး – လက်ပံတန်း