အဆိုတော်ကော်နီကတော့ ဂီတလောကမှာ တစ်ခေတ်တစ်ချိန်ကတည်းကနေ ယနေ့အချိန်အထိ ထင်ရှားအောင်မြင်လာခဲ့တဲ့ တေးသံရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ကော်နီက သူများတွေနဲ့မတူဘဲ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သီချင်းတွေကို ဆွဲငင်အားအပြည့်နဲ့ သီဆိုတတ်တာ ဖြစ်ပါတယ် ။ သီချင်းတွေမနားတမ်း ဖန်တီးလာခဲ့တဲ့ ကော်နီက လက်ရှိမှာလည်း တေးသီချင်းကောင်းများစွာနဲ့ ရေပန်းစား အောင်မြင်နေဆဲဖြစ်ပါတယ်။
အဆိုတော်ကော်နီရဲ့သီချင်းတွေက ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျပြီး အမြဲတမ်းလိုလို လူကြိုက်များနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း ကော်နီက "ကြည့်ခွင့်တော့ရှိတယ်ထိခွင့်မရှိ"နဲ့ "ရေစက်" ဆိုတဲ့ သီချင်းအသစ်လေးနှစ်ပုဒ်ထွက်ရှိထားသလို Music Video တွေပါ ထပ်မံရိုက်ကူးနေတာပဲ ဖြစ်ပါတယ် ။ မနေ့ကတော့ ကော်နီက အဆိုတော်လေးအုပ်စိုးခန့်ရဲ့အိမ်ကိုအလည်သွားပြီး သီချင်းတွေပျော်ပျော်ပါးပါး သီဆိုခဲ့တာ ဖြစ်ပါတယ် ။
ကော်နီက "သားသားအုပ်တို့ဆီရောက် အမှတ်တရ" ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ Live လွှင့်ခဲ့တာ ဖြစ်ပါတယ် ။ ကော်နီကတော့ သူမရဲ့"ဆေး" သီချင်းလေးကို အသံချိုချိုအေးအေးလေးနဲ့ သီဆိုပြခဲ့တာဖြစ်ပြီး အုပ်စိုးခန့်ကတော့ Piano တီးကာ အားဖြည့်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ အုပ်စိုးခန့်တို့မိသားစုနဲ့အတူ သီချင်းတွေသီဆိုရင်း ရယ်မောပျော်ရွှင်နေတဲ့ အဆိုတော်ကော်နီရဲ့Live ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။