အလှဆုံး မျက်နှာပိုင်ဆိုင်သူများ စာရင်းတွင် သရုပ်ဆောင် ပိုင်တံခွန် နှင့် ခင်ဝင့်ဝါတို့ ပါဝင်ခဲ့
mmtimes.com
|
2020-12-29



ဓာတ်ပုံ -Top100MostBeautifulFaces

အလှဆုံး မျက်နှာပိုင်ဆိုင်သူများ စာရင်းတွင် သရုပ်ဆောင် ပိုင်တံခွန် နှင့် ခင်ဝင့်ဝါတို့ ပါဝင်ခဲ့

TC candler မှရွေးချယ်လိုက်သည့် 2020 အတွက် တစ်ကမ္ဘာလုံး အချောဆုံး၊အလှဆုံး အယောက် ၁၀၀ စာရင်း " The 100 Most Handsome & Beautiful Faces 2020 "၌ မော်ဒယ်လ်သရုပ်ဆောင် ပိုင်တံခွန် နှင့် ခင်ဝင့်ဝါ တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

TC Candler တင်ဆက်သည့် The 31 st Annual Independent Critics List 2020 က ထုတ်ပြန်ခဲ့သည့် The 100 Handsome Faces of 2020 ၌ သရုပ်ဆောင် ပိုင်တံခွန်က နံပါတ် ၁၀ နေရာတွင် ဖော်ပြခံခဲ့ရသည်။ ၎င်းစာရင်းအတွက် ကမ္ဘာတစ်လွှားမှ အမျိုးသား အနုပညာရှင် ၁၃၅၀၀၀ ကျော်ပါဝင်ခဲ့သည်။ ထို့စာရင်းထဲမှ ၂ဝ၂ဝ ပြည့်နှစ်အတွက် The 100 Handsome Faces စာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည် ။

TC Candler ၏ The 31st Annual Independent Critics List 2020 ကထုတ်ပြန်ခဲ့သည့် The 100 Most Beautiful Faces of 2020 ၌ သရုပ်ဆောင် ခင်ဝင့်ဝါက နံပါတ် ၆ဝ နေရာတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ၎င်းစာရင်းအတွက် ကမ္ဘာတစ်လွှားမှ အမျိုးသမီး ပညာရှင် ၁၂၅၀၀၀ ကျော်ပါဝင်ခဲ့သည်။ ထို့စာရင်း အနက် ၂၀၂ဝပြည့်နှစ်အတွင်း အလှဆုံး မျက်နှာပိုင်ရှင် ၁၀၀ ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းရွေးချယ်မှုတွင် ကမ္ဘာတစ်လွှားမှ TC candler Independent Critics အဖွဲ့ဝင် ၂၀ ကျော်က ရွေးချယ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့နာမည်ကျော် 100 MOST Handsome FACES LIST ကို TC CANDLER နှင့် THE INDEPENDENT CRITICS တို့က ၁၉၉၀ ခုနှစ်ကတည်းက ဖော်ပြပေးလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွေးချယ်မှုများတွင် 2020 Social Media များ၏ ဖော်ပြချက်များ ကမ္ဘာတစ်လွှားမှသတင်းမီဒီယာများ၏ ဖော်ပြချက်များအပြင် လူသန်းပေါင်းများစွာတို့၏ အကြံပြုချက်များကိုထည့်သွင်းစဉ်းစားကာ ရွေးချယ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပိုင်တံခွန် ၊ ခင်ဝင့်ဝါ၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည် ၊ ရွှေမှုန်ရတီ ၊ နေခြည်ဦး ၊ နော်ဖော်အယ်ထား နှင့် မေမြင့်မိုရ် တို့သည် Nominee List ထဲတွင် ပါဝင်ထားသူများလည်းဖြစ်သည်။


#ပိုင်တံခွန်
#ခင်ဝင့်ဝါ
#စာရင်း
#သရုပ်ဆောင်
#ကမ္ဘာ

Some text some message..