သစ်တံခါးဆရာတော်ဝါဆိုခဲ့တဲ့ မြသုခကျောင်းတိုက်မှာ တစ်ပါးကျောင်းဆောင် နှင့် ညောင်ဆယ်ပင် အဓိဌာန်ဝင်သူများအတွက် အမိုးအကာအခင်းများလှုဒါန်းပေးလိုက်တဲ့ စမိုင်းလ်
celezone.net
|
2021-01-02



ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် စမိုင်းလ်ကတော့ လတ်တလောမှာကျောင်းဆောင်အလှူတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်။စမိုင်းလ်ကတော့ အလှူအတန်းတွေကို ရက်ရောစွာလှူဒါန်းလေ့ရှိတဲ့အပြင် ဘာသာ သာသနာအတွက် လိုအပ်တဲ့လှူဒါန်းမှုတွေကိုလည်း အမြဲလိုလို ပြုလုပ်လေ့ရှိပါသေးတယ်။




အခုတစ်ခေါက်မှာလည်း စမိုင်းလ်တို့မိသားစုက သစ်တံခါးဆရာတော်ဝါဆိုခဲ့တဲ့ မြဝတီမြို့ မြသုခကျောင်းတိုက်မှာ တစ်ပါးကျောင်းဆောင်ဆောက်လုပ်လှူဒါန်းပေးလိုက်ပြန်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ညောင်(၁၀)ပင်အဓိဋ္ဌာန်ဝင်သူတွေအတွက်လည်း စိတ်အေးချမ်းသာစွာနဲ့ အဓိဋ္ဌာန်ပြုလုပ်နိုင်အောင် အမိုးအကာနဲ့အခင်းတွေကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။




စမိုင်းလ်ကတော့ သူ့ရဲ့အလှူလေးကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်စေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးတွေလည်း စမိုင်းလ်တို့မိသားစုရဲ့အလှူလေးကို မုဒိတာပွား သာဓုခေါ်ဆိုကြည်နူးနိုင်စေဖို့ CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။



Chilli – CeleZone
Source – စမိုင်းလ် Smile


#အဓိဋ္ဌာန်
#ကျောင်းဆောင်
#အလှူ
#ပရိသတ်ကြီး
#ကသစ်

Some text some message..