သမီးတွေချည်းပဲ မွေးထားတဲ့ အဆိုတော်ကျားပေါက်ရဲ့ ချစ်စဖွယ်အမူအကျင့်လေး
celegabar.com
|
2021-01-03



မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် Band တစ်ခုဖြစ်သလို ပရိသတ်အများစုရဲ့ လေးစားချစ်ခင်မှုကို ရရှိထားတဲ့အဖွဲ့တွေထဲမှာ ကိုကျားပေါက်ရဲ့ Big Bag Band ဟာ ထိပ်ဆုံးကပါဝင်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်စေတဲ့ သီချင်းတော်တော်များများနဲ့ အောင်မြင်ခဲ့ပြီး လူငယ်ပရိသတ်အများပြားရဲ့ Idol တစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူး ။




အိမ်ထောင်ရေး အဆင်မပြေမှုတွေကြောင့် Single Father တစ်ယောက်အနေနဲ့ ရှေ့ဆက်နေပေမယ့် ကျားပေါက်ကတော့ သူ့ရဲ့ ချစ်စရာကောင်းတဲ့သမီးချောလေးနှစ်ယောက်ကို အချိန်ပေး ဂရုစိုက်တတ်တဲ့ ဖခင်ကောင်းတစ်ယောက်ပါ ။ လတ်တလောမှာ ကျားပေါက်ရဲ့သမီးငယ်လေးက သူ့အတွက် လက်သည်းဆိုးပေးခဲ့ပြီး Nail art time with piggy ဆိုတဲ့စာသားလေးနဲ့အတူ သားအဖနှစ်ယောက်ရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။





ဖခင်တစ်ယောက်ဖြစ်ပေမယ့် သမီးလေးတွေအတွက် အချိန်ပေးပြီး သမီးအလိုကျ လက်သည်းအဆိုးခံခဲ့တဲ့ ကျားပေါက်ကို ပရိသတ်တွေကတော့ ချီးကျူးမဆုံးဖြစ်နေကြပါတယ် ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ကျားပေါက်တို့သားအဖ နှစ်ယောက်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။


Source : Han Htue Lwin
Emily (Cele Gabar)


#ပရိသတ်
#သားအဖ
#လက်သည်း
#ပုံရိပ်
#ဖခင်

Some text some message..