မြစ်သားရဲစခန်းမှာအဖမ်းခံလိုက်တဲ့ ခြိမ့်ကေကိုအတွက် တတ်နိုင်သမျှကူညီသွားမယ်ဆိုတဲ့ ဒိန်းဒေါင်
celegabar.com
|
2021-01-04



မွေးနေ့ပွဲတစ်ခုမှာ သီချင်းသွားဆိုတာနဲ့ပတ်သက်ပြီး ခြိမ့်ကေကိုတစ်ယောက် ကိုဗစ်ဥပဒေနဲ့ငြိလို့ တရားစွဲခံခဲ့ရပါတယ် ။ ဒါပေမယ့် ထောင်ကျမှာစိုးလို့ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟာသ သရုပ်ဆောင် ဒိန်းဒေါင်က သူတတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဆိုလာပါတယ် ။





ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာသမားဖြစ်တဲ့ ဒိန်းဒေါင်ကို ခြိမ့်ကေကို က အကြံဉာဏ်လှမ်းတောင်းတဲ့အခါမှာတော့ ဒိန်းဒေါင်က တရားဥပဒေအတိုင်း ရဲစခန်းမှာ အဖမ်းခံလိုက်ဖို့ကို အကြံဉာဏ်ပေးခဲ့တယ်လို့သိရပါတယ် ။ အခုလို အကြံဉာဏ်ပေးခဲ့တာကလည်း အချုပ်ထဲရောက်စေချင်လို့မဟုတ်ဘဲ မြန်မြန်ပြီးသွားစေချင်လို့ပါလို့ ဒိန်းဒေါင်က ပြောပြလာခဲ့ပါတယ် ။ လတ်တလောမှာတော့ မြစ်သားရဲစခန်းမှာအဖမ်းခံလိုက်ရပြီး အမှုက ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်တဲ့အတွက် ပုဒ်မ(၃ဝ)အတိုင်း မှန်ကန်ပြီးနည်းလမ်းကျတဲ့အပြစ်ပေးမှုကိုပဲ ခံရယူထိုက်တဲ့အကြောင်းကို ဒိန်းဒေါင်က ပရိသတ်တွေကို ရှင်းပြခဲ့ပါသေးတယ် ။




ခြိမ့်ကေကိုက မိဘကို သိတတ်ပြီး ဘုရားတရားလည်း လုပ်တဲ့သူ ဖြစ်တဲ့အတွက် အခုလို ဖြစ်သွားတဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်လို့လည်း ဒိန်းဒေါင်က ဆယ်လီကမ္ဘာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ် ။ ဒိန်းဒေါင်က သူ့စကားကိုနားထောင်တဲ့အတွက် တတ်နိုင်တဲ့ဘက်က ဝန်းရံကူညီသွားမယ်လို့ လည်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။


Source : Exclusive On Cele Gabar
Emily (Cele Gabar)


#ဒိန်းဒေါင်
#အကြံဉာဏ်
#ဆရာသမား
#ရဲစခန်း
#အချုပ်

Some text some message..