ငယ်ငယ်ကတည်းက ချစ်ခင်လေးစားခဲ့ရတဲ့ ဦးဦးနေတိုးနဲ့နှင်းဆီအဖွဲ့ကို တတ်နိုင်သလောက်သွားရောက်ကူညီခဲ့တဲ့ အရိုင်းရဲ့သမီးလေးပျိုပျိုမေ
mmload.com
|
2021-01-07



ဝါရင့်လူရွှင်တော်၊သရုပ်ဆောင်ကြီးတစ်ဦးဖြစ်တဲ့ ဦးအရိုင်းကတော့ အနုပညာလောကမှာ အားလုံးရဲ့လေးစားချစ်ခင်မှုကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ် ။ ဦးအရိုင်းက ပန်းနုပျိုမေဆိုတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ် ။ ဦးအရိုင်းရဲ့သမီးလေး ပန်းနုပျိုမေက အခုဆိုရင် ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာပါ ပါဝင်သရုပ်ဆောင်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာ ဖြစ်ပါတယ် ။





ပျိုပျိုမေလို့လည်း ချစ်စနိုးနဲ့ခေါ်ဝေါ်တဲ့သူမကတော့ အကယ်ဒမီရွှေကြိုအဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ရသေးတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ပျိုပျိုမေက အနုပညာလှုပ်ရှားမှုတွေအပြင် Vlog ဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိသတ်တွေအတွက် မျှဝေပေးနေတာ ဖြစ်ပါတယ် ။ ဒီရက်ပိုင်းမှာတော့ ပျိုပျိုမေက မင်းသားချောနေတိုးတို့နှင်းဆီအဖွဲ့ရဲ့Live Show အစီအစဉ်လေးမှာ သူမတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးခဲ့တာ ဖြစ်ပါတယ် ။






ဒါကြောင့် ပျိုပျိုမေက "တာဝန်ယူကူညီနိုင်သလောက်လေး သွားကူခဲ့တုန်း အမှတ်တရလေးတွေလာ Save တာ New Normal Roses" ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ပျိုပျိုမေကတော့ သူမငယ်ငယ်ကတည်းက လေးစားချစ်ခင်ခဲ့ရတဲ့ ဦးဦးနေတိုးနဲ့ နှင်းဆီအဖွဲ့သားတွေကို အချိန်ရတုန်းမှာ ပါဝင်အားဖြည့်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဦးအရိုင်းရဲ့သမီးလေးပျိုပျိုမေနဲ့ နေတိုးတို့နှင်းဆီအဖွဲ့ရဲ့အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။






#အရိုင်း
#နေတိုး
#နှင်းဆီ
#ရွှေကြို
#အမှတ်တရ

Some text some message..