ဓာတ်ပုံရိုက်နေရင်းနဲ့ ရုတ်တရက်မပြောမဆိုဘဲ ထနမ်းလိုက်တဲ့ ဘုန်းဆက်သွင်ကြောင့် လန့်သွားခဲ့ရတဲ့ ခေးဆက်သွင်တို့သူငယ်ချင်းတွေရဲ့ဗီဒီယို
mmload.com
|
2021-01-09



သရုပ်ဆောင် မင်းသားချော ဘုန်းဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်အထိတိုင်အောင် ဇာတ်လမ်းတွဲတွေအများအပြား ရိုက်ကူးခဲ့ရပြီဖြစ်တဲ့ ဘုန်းဆက်သွင်က ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုလည်း ရရှိထားတာ ဖြစ်ပါတယ် ။ ဘုန်းဆက်သွင်က "ကိုလူပျို၊ သာမိုမီတာ၊ လေးစုံတွဲ" စတဲ့ ဇာတ်လမ်းတွဲလေးတွေနဲ့ အောင်မြင်ပြီး နာမည်ရလာခဲ့တာလည်း ဖြစ်ပါတယ် ။





ဘုန်းဆက်သွင်က သရုပ်ဆောင်တော်ရုံသာမကဘဲ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတာကြောင့် အနုပညာမောင်နှမတွေအားလုံးနဲ့ ရင်းနှီးချစ်ခင်နေတာ ဖြစ်ပါတယ် ။ သူငယ်ချင်းတွေနဲ့အမြဲတမ်းလိုလို အတူရှိနေတတ်တဲ့ ဘုန်းဆက်သွင်က ပျော်ရွှင်စရာအချိန်လေးတွေကို ဖန်တီးတတ်တာပဲ ဖြစ်ပါတယ် ။ အခုလည်း ဘုန်းဆက်သွင်က "From 3 Years Ago Kissing My Best Friends" ဆိုပြီး အမှတ်တရ ဗီဒီယိုလေးကို Tik Tok မှာတင်ပေးထားတာ ဖြစ်ပါတယ် ။






ဒီဗီဒီယိုလေးမှာ ဘုန်းဆက်သွင်က ကျော်ထက်ဇော်၊ ခေးဆက်သွင်၊ စိုပြေမြင့်၊ သွန်းသစ္စာဇော်နဲ့ အခြားသူငယ်ချင်းတွေကို ဓာတ်ပုံအတူရိုက်မယ်ပြောပြီး အနမ်းပေးခဲ့တာ ဖြစ်ပါတယ် ။ မပြောမဆိုဘဲ ရုတ်တရက်ကြီးထနမ်းလိုက်တဲ့ ဘုန်းဆက်သွင်ကြောင့် သူငယ်ချင်းတွေအားလုံးက အလန့်တကြားနဲ့ အံ့သြသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကဲ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေကို စပရိုက်အနမ်းလေးပေးခဲ့တဲ့ ဘုန်းဆက်သွင်ရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။




#သူငယ်ချင်း
#ဇာတ်လမ်း
#ဗီဒီယို
#သာမိုမီတာ
#လူပျို

Some text some message..