ဓာတ်ပုံ - Myanmar Media 7
အကယ်ဒမီ မြင့်မြတ်နှင့် သရုပ်ဆောင်နေခြည်ဦးတို့ တွဲဖက်သရုပ်ဆောင်မည့် အိမ်ထောင်ရေး ဒရာမာပုံစံ “ချစ် ပန်းဝါဝါ” ရုပ်သံဇာတ်လမ်းတွဲ
ပရိသတ်များအားပေးမှု အခိုင်အမာရရှိထားသော အကယ်ဒမီ မြင့်မြတ်နှင့် သရုပ်ဆောင်နေခြည်ဦးတို့ တွဲဖက်သရုပ်ဆောင်မည့် အိမ်ထောင်ရေး ဒရာမာပုံစံ “ချစ်ပန်းဝါဝါ” ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က နှစ်ဦးပွဲဦးထွက်ရိုက်ကူးမည်ဖြစ်ကြောင်း Myanmar Media 7 မှ ကိုဝေမင်းမောင်က မြန်မာတိုင်း မ်သို့ပြောသည်။
“ကျွန်တော်တို့ Media 7အနေနဲ့ ထုတ်ရိုက်တဲ့ကားပါ။ဒီဇာတ်လမ်းတွဲကို မြင့်မြတ်နဲ့ နေခြည်ဦးက ဇာတ် အရလည်းလိုက်ဖက်တယ်။ကိုယ်တို့ ကုမ္ပဏီက မင်းသားမင်းသမီးတွေ ဖြစ်တယ်။တခါမှ မတွဲဘူးသေးလို့ တွဲ ဖက်လိုက်တာဖြစ်တယ်။ ဒီဝတ္ထုကို အကောင်အထည်ဖော်နေတာကြာပါပြီ လက်ရှိသရုပ်ဆောင်တွေကို Camp သွင်းတော့ ရိုက်နေပါပြီ။အိမ်ထောင်ရေးအချစ်ကားလေးပါ။ အိမ်ထောင်တစ်ခုမှာ အချစ်ကိုပဲ ဦးစား ပေးလွန်းရင် အရာရာအားလုံးမှာ ချစ်ခြင်းတရားနဲ့ လူဂုဏ်သိက္ခာလွန်ဆွဲတဲ့ ဇာတ်ကားမျိုးပါ။ အိမ်ထောင်တစ်ခု ကိုစောင်ထိန်းရမယ့် အရာနဲ့ အချစ်တွေနဲ့ နှိုင်းယှဉ်လာတဲ့ အားပြိုင်မှုလို့လည်း ပြောလို့ရပါတယ်”ဟု ၎င်းကပြော သည်။
အဆိုပါ ဇာတ်ကားကို ဝတ္ထု ခင်စောဦး ၊ ဇာတ်ညွှန်းက မယ်ခိုင် နှင့် ရွှေပြည့် တို့က ရေးသားထားပြီး ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က သရုပ်ဆောင်များဖြစ်သော မြင့်မြတ် ၊ နေခြည်ဦး၊ ညီထွဋ်ခေါင် ၊ K ညီ ၊ ခင် ဇာခြည်ကျော်၊ မျိုးဆက်သစ်တက်သစ်စ သရုပ်ဆောင်များပါဝင်မည်ဖြစ်သည်။ “ချစ်ပန်းဝါဝါ” ရုပ်သံဇာတ်လမ်း တွဲ အပိုင်း ၂၀ ပါဝင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လအတွင်း Free To Air ရုပ်သံများတွင် သာမကအက်ပလီ ကေးရှင်းများလည်း ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
“မြင့်မြတ်ရဲ့ အနုပညာသက်တမ်းတလျောက်မှာ ပထမဆုံး ‘မင်္ဂလာရှိတဲ့အရပ်’ ဇာတ်လမ်းတွဲတစ်ခါပဲ ရိုက်ဖူးတယ်။ နေခြည်ဦးကလည်း ‘အိပ်မက်တွေမိုးထားတဲ့အိမ်’ ဇာတ်လမ်းတွဲ ရိုက်ဖူးတယ်။ဒီနှစ်ကားလုံး ကိုယ့် တို့ကုမ္ပဏီက ရိုက်ခဲ့တဲ့ကားတွေပါ။ သူတို့နှစ်ယောက်လုံးရဲ့ ဒုတိယမြောက်ဇာတ်လမ်းတွဲပါ။ ကိုယ့်တို့ ၃ ယောက်ရဲ့ တိုက်ဆိုင်မှုတစ်ခုပါ။ မြန်မာပရိသတ်အကြိုက် အိမ်ထောင်ရေးဒရာမာကားပါ။အိမ်ထောင်ရေး ဒရာ မာကို အရမ်းပိုင်းတဲ့ မြင့်မြတ်နဲ့ နေခြည်ကလည်း သွက်သွက်လေးဆိုတော့အရမ်းကောင်းပါတယ်။ လုပ်ကွက်ရ တာတွေလည်းပါပါတယ်။ဇာတ်ရဲ့အရှိန်အနှိမ့်အမြင့်ကလည်းအရမ်းကောင်းလို့ ပရိသတ်ကြိုက်မယ်လို့ မျှော်လင့် ပါတယ်”ဟု၎င်းကဆက်လက်ပြောသည်။