ချစ်ရတဲ့ညီမလေးနဒီရွှေရည်နဲ့အတူ အနုပညာလှုပ်ရှားမှုတွေလုပ်နေပြီဖြစ်တဲ့ ထိပ်တန်းမင်းသမီး ဝတ်မှုန်ရွှေရည်
celezone.net
|
2021-01-13



ကိုယ်အောင်မြင်လာတဲ့အနေအထားတစ်ခုကို ကိုယ်ချစ်ရတဲ့သူတွေကို လက်တွဲခေါ်ချင်တဲ့ စိတ်လေးတွေဖြစ်တတ်သလို ဝတ်မှုန်ရွှေရည်ဟာလည်း သူမရဲ့ချစ်ညီမလေး နဒီရွှေရည်နဲ့အတူ ကြော်ငြာလေးတွေရိုက်သလို အတူတူ Live လွှင့်ပြီး ညီမလေးကိုပရိသတ်တွေနဲ့ ရင်းနှီးအောင်လုပ်ပေးခဲ့ပါတယ်။ ညီမလေးကလည်း မမနဲ့အတူ အနုပညာလှုပ်ရှားမှုတွေ လုပ်ရတော့ ပျော်မဆုံးပါပဲ။





ကစ်ကစ်နဲ့ကေးကေးဆိုတဲ့ ညီမနှစ်ယောက်ကို ပရိသတ်တွေကချစ်ခင်အားပေးကြပြီး ကေးကေးရဲ့ ချစ်စရာသားလေးဟာလည်း သူမတို့မိသားစုတစ်ခုလုံးရဲ့အသည်းကျော်လေး ဖြစ်သလို ပရိသတ်တွေရဲ့အချစ်တော်လေးလည်းဖြစ်နေခဲ့ပါတယ်။ အိမ်ရဲ့ဆည်းလည်းလေးကို ပိုင်ဆိုင်ထားတဲ့ ကေးကေးဟာ ကိုယ်ပိုင်မိသားစုဘဝလေးမှာလည်း အေးချမ်းပျော်ရွှင်ရသူပါ။





ညီမနှစ်ယောက်အတူ Live လွှင့်ခဲ့တဲ့ ချစ်စဖွယ်ပုံလေးတွေကို ” မနေ့ညက ကစ်နဲ့ ကေးလေး Live လေးကို ကြည့်လိုက်ရရဲ့လား??? မနေ့က Give Away ရလိုက်တဲ့သူတွေလည်း အရမ်းပျော်မယ်လို့ထင်ပါတယ် ကစ်ကတော့ ကစ်ချစ်ရတဲ့ ပရိတ်သတ်ကြီးနဲ့ ရင်းရင်းနှီးနှီး စကားပြောရင်း လက်ဆောင်တွေပေးရတာမို့ အရမ်းပျော် ” ဆိုပြီး ကစ်က သူမရဲ့လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။


Happy – Cele Zone
Photo – Wutt Hmone Shwe Yi


#ညီမလေး
#ရွှေရည်
#ဆည်းလည်း
#ပရိသတ်
#နဒီ

Some text some message..