သက်တမ်း နှစ် (၂၀) ပြည့်သွားတဲ့ Wikipedia
ictdirectory.com.mm
|
2021-01-16

အွန်လိုင်းစွယ်စုံကျမ်း Wikipedia ကတော့ ဇန်နဝါရီ ၁၅ ရက်မှာ သက်တမ်း နှစ် (၂၀) ရှိပါပြီ။ Wikipedia ဟာ လူပေါင်းများစွာ စုပေါင်းတင်ဆက်ထားတဲ့ အင်တာနက်စွယ်စုံကျမ်း ဖြစ်ပါတယ်။ လာမယ့် နှစ် (၂၀) အထိ ဆက်လက်အသုံးတော်ခံဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။


အမေရိကန်-ဗြိတိန် စွန့်ဦးတီထွင်လုပ်ငန်းရှင် ဂျင်မီဝေးစ်ဟာ ၂၀၀၁ ခုနှစ်၊ ဇန်ဝါရီ ၁၅ ရက်မှာ Wikipedia ကိုတည်ထောင်ခဲ့ပါတယ်။ Wikipedia ဟာ ကမ္ဘာပေါ်က ၇ ခုမြောက် နာမည်အကျော်ကြားဆုံး ဝက်ဘ်ဆိုက်ဖြစ်ပြီး ဆောင်းပါးပေါင်း ၅၅ သန်းကျော်ရှိကာ လစဉ်လတိုင်း အကြိမ်ရေ ၁၅ ဘီလျံလောက် ဆောင်းပါးတွေကို ဆွေးနွေးကြပါတယ်။


Wikipedia ဝက်ဘ်ဆိုက်ကိုတော့ အင်္ဂလိပ်ဘာသာနဲ့ စတင်တည်ထောင်ခဲ့ပြီး ၂ လအတွင်း ဂျာမန်နဲ့ ဆွီဒင်ဘာသာတွေလည်း ဖြန့်ချိခဲ့ပါတယ်။ အခုဆိုရင်တော့ Wikipedia ကို ဘာသာပေါင်း ၃၀၉ ခုနဲ့ ဖတ်ရှုနိုင်ပါတယ်။
ဂျင်မီဝေးစ်ကတော့ ဝက်ဘ်ဆိုက်ထဲမှာ ဖွံ့ဖြိုးဆဲကမ္ဘာက ဘာသာစကားတွေကိုလည်း တိုးချဲ့ဖို့ စီစဉ်နေပါတယ်။


“လာမယ့် တစ်ဘီလျံကျော် လူတွေအတွက် အလွန်အရေးကြီးပါတယ်။ နှစ်ဘီလျံလောက်ရှိတဲ့ လူတွေက အွန်လိုင်းပေါ်မှာ ရှိပြီး Wikipedia နဲ့အတူပူးပေါင်းကာ အသိပညာချဲ့ထွင်လိုကြပါတယ်။ သူတို့က အသိပညာရှာဖွေတဲ့အခါ ကျွန်တော်တို့အပေါ် အားထားကြတော့မှာ ဖြစ်ပါတယ်။ ကျွန်တော် အနာဂတ်အကြောင်း တွေးရင် အခုကိစ္စကလည်း ကြီးမားတဲ့အစိတ်အပိုင်း ဖြစ်ပါတယ်” လို့ ဂျင်မီဝေးစ်က AFP နဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။


၂၀၀၆ ခုနှစ်မှာတော့ ဂျင်မီဝေးစ်ဟာ လူတစ်သန်းကျော် ပြောဆိုကြတဲ့ ဘာသာစကားတိုင်း Wikipedia ဝက်ဘ်ဆိုက်ထဲမှာ အကြောင်းအရာ ၁၀၀,၀၀၀ ရှိစေမယ့် ရည်မှန်းချက်ကို မသတ်မှတ်ခဲ့ပါဘူး။ Wikipedia အနေနဲ့ နှစ် (၂၀) လောက်အတွင်း အောင်မြင်ရရှိခဲ့ပါတယ်။


စိုးထကျ


#ဝက်ဘ်ဆိုက်
#စွယ်စုံကျမ်း
#ဘီလျံ
#ဘာသာစကား
#အသိပညာ

Some text some message..