
ပရိသတ်တွေချစ်ခင်ကြတဲ့ MRTV-4 မင်းသားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နက္ခတ်ကတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ အရိပ်ဇာတ်လမ်းတွဲကနေစပြီး နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားတစ်ယောက်ဖြစ်ခဲ့တာပါ ။ ဒါပေမယ့် နက္ခတ်ကတော့ သူ့ရဲ့ချစ်သူကောင်မလေးကို ပရိသတ်တွေအားလုံးသိအောင် တရားဝင် လူသိရှင်ကြားတွဲခဲ့တာကိုတော့ ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါ ။
လတ်တလောမှာတော့ နက္ခတ်က သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ရိုက်ကူးထားတဲ့ အရိုတလိုင်း အလှပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ သူ့ရဲ့ချစ်သူကောင်မလေးကိုလည်း နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း အဟောင်းတိုင်းကိုယ့်ဘေးနားမှာအမြဲရှိနေရမယ့် ကျွန်တော့် ရဲ့တစ်ဦးတည်းသူသော သူမ ဆိုတဲ့စာသားလေးနဲ့အတူ အမှတ်တရ ပုံလှလှလေးတွေ ရိုက်ကူးပေးတဲ့ Aroma Zulu Wedding Studio ကို ကျေးဇူးတင်ရှိကြောင်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။
ပရိသတ်တွေကတော့ သူတို့အတွဲလေးကို အရမ်းကိုလိုက်ဖက်ပြီးချစ်စရာကောင်းလို့ အားကျနေကြတဲ့မှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ ဒါ့အပြင် ထာဝရပျော်ရွှင်စွာလက်တွဲသွားနိုင်ပါစေဆိုတဲ့ ဆုမွန်ကောင်းလေးတွေ လည်း ပေးခဲ့ကြပါတယ် ။ နက္ခတ်တို့စုံတွဲကိုချစ်တဲ့ ပရိသတ်တွေအတွက်လည်း အရိုတလိုင်း စုံတွဲပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Nat Khat
Emily (Cele Gabar)