အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်သူကတော့ အဆိုတော် ထွန်းအိန္ဒြာဗိုလ်ပဲ ဖြစ်ပါတယ်။ သူမဟာ အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ဘက်မှာပါ ထူးချွန်သူတစ်ယောက်ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ထွန်းအိန္ဒြာဗိုလ်က သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကို ဖြတ်သန်းနေတာပါ။
သားလေးဟာအခုဆိုရင်အရွယ်ရောက်လာပြီဖြစ်ကာ ချောမောခန့်ညားပြီး မေမေအရမ်းချစ်ရတဲ့သားလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သားလေးဟာထူးချွန်ထက်မြက်တဲ့ကလေးတစ်ယောက်ဖြစ်ကာ ကျောင်းမှာလည်း ဆုတံဆိပ်တွေ အမြဲရနေတာကြောင့် မေမေကအရမ်းဂုဏ်ယူနေရတာပါ။
ဒီနေ့လေးကတော့ ချစ်ရတဲ့သားလေးရဲ့ မွေးနေ့လေးဖြစ်တာကြောင့် သားလေးရဲ့ ငယ်စဉ်ကလေးဘဝကအမှတ်ပုံရိပ်လေးတွေကိုဖော်ပြကာမွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာတွေ့ရပါတယ်။ ပုံလေးတွေနဲ့အတူ ” Happy birthday သား …ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ် ကို ကိုးကွယ် ကျင့်ကြံ အားထုတ် နိုင်ပါစေ ….နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ပါစေ….သာသနာ ကို လှူဒါန်း ထောက်ပံ့နိုင်ပါစေ …..”စာလေးကိုရေးသားဝေမျှထားရာ cele zone ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Yuan – Cele Zone
Photo – MiMi Khine