
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်မလေး ခင်ပိုးပန်းချီကတော့ ဒီနေ့မှာ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ပရိသတ်အချစ်တော် အဆိုတော် ခင်ပိုးပန်းချီကတော့ သူ့ရဲ့ပရိသတ်တွေနဲ့ပေါင်းပြီး အမြဲတမ်းလိုလို အလှူတွေကို ပြုလုပ်လေ့ရှိတာ ပရိသတ်ကြီးတွေလည်း သိရှိပြီးသားဖြစ်မှာပါ။
အခုတစ်ခေါက်မှာလည်း ခင်ပိုးပန်းချီက အာဟာရဒါနအလှူလေးကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ခင်ပိုးပန်းချီက တောင်ဥက္ကလာပမြို့နယ် စီမံကိန်းရပ်ကွက်မှာရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အာဟာနဒါနအဖြစ်အစားအသောက်စတုဒီသာအလှူလေးကို သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ စတုဒီသာအလှူလေးအပြင် အလှူငွေတွေကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။
ခင်ပိုးပန်းချီကတော့ ဒီနေ့ပြုလုပ်တဲ့ အလှူလေးကလည်း သူနဲ့ သူ့ရဲ့ပရိသတ် (၇)ရက်သားသမီးတွေနဲ့အတူ စုပေါင်းလှူဒါန်းတဲ့အလှူလေးဖြစ်တာကြောင့် ပရိသတ်တွေသာဓုခေါ်ဆိုပေးကြဖို့လည်း မျှဝေထားပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ခင်ပိုးပန်းချီရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။
Chilli – CeleGabar
Source – Khin Poe Panchi